ပြိုင်ဖက် အီရန်နိုင်ငံသူကို အနိုင်ယူကာ (၁၅) ပွဲမြောက် နိုင်ပွဲ ရရှိခဲ့တဲ့ ကယန်းလက်ဝှေ့မယ် ဗရော်နီကာ

0
211

ယနေ့ နိုဝင်ဘာ (၂၆) ရက် ညနေ (၆) နာရီတွင် ထိုင်းနိုင်ငံ၌ ကျင်းပသည့် Thai Fight ဘုရင့်ဖလားပြိုင်ပွဲတွင် ပြိုင်ဖက်အီရန်နိုင်ငံသူကို အပြတ်အသတ် အသာစီးဖြင့် ထိုးသတ်ကာ အနိုင်ယူခဲ့သည့်အတွက် ကယန်းလက်ဝှေ့မယ် ဗရော်နီကာသည် သူမ၏ (၁၅) ပွဲမြောက် နိုင်ပွဲကို ရရှိခဲ့သည်။

ဗရော်နီကာ ကမ္ဘာ့အဆင့် တိုက်ခိုက်ရေးသမားဖြစ်သည့် အီရန်နိုင်ငံသူ ဇာရာကို အသာစီးဖြင့် (၃) ချီပြီးဆုံးသည်အထိ ထိုးသတ်ခဲ့ပြီး ဒိုင်များ၏ အဆုံးအဖြတ်ဖြင့် အနိုင်ရယူခဲ့ခြ င်း ဖြစ်သည်

ပထမအချီမှာပင် ပြိုင်ဖက်ကို ဖိအားပေး တိုက်ခိုက်နိုင်ခဲ့ပြီး ဒုတိယအချီနှင့် တတိယအချီတို့တွင်လည်း ဆက်လက် ဖိ အားပေးနိုင်ခဲ့သည့်အတွက် ပွဲစဉ်ပြီးဆုံးချိန်တွင် ဒိုင်များက ဗရော်နီကာအား အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။

ဗရော်နီကာအနေဖြင့် တာထွက်စတင်သည့်အချိန်မှစ၍ တိုက်စစ်ဖွင့်၍ ယှဉ် ပြိုင်ထိုးသတ်ခဲ့သည်ကို တွေ့ရသည်။

ယနေ့ ကျင်းပပြုလုပ်သည် ထိုင်းဘုရင့်ဖလား စိန်ခေါ်ပြိုင်ပွဲအား ကီလိုတန်းအလိုက် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြစ်ပြီး ဗရော်နီကာနှင့် အီရန်နိုင်ငံသူ တို့က (၅၄)ကီလိုတန်းဖြင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းလည်းဖြစ်သည်။

ဗရော်နီကာဖြင့် ယှဉ်ပြိုင်ထိုးသတ်သည့် အီရန်နိုင်ငံသူ ဇာရာရှိုကူဟီသည် အသက် (၂၁) နှစ် အရွယ်သာရှိပြီး၊ ပွဲပေါင်း (၄၆) ပွဲထိုးသတ်ထားကာ (၃၆) ပွဲအနိုင်၊ (၇) ပွဲအရှုံး ၊(၃) ပွဲသရေ ရလဒ်ပိုင်ဆိုင် ထားသူလည်းဖြစ်သည်။

ကယန်းလက်ဝှေ့မယ် ဗရော်နီကာသည် ပြီးခဲ့‌သော အောက်တိုဘာလ (၂၉) ရက်က Thai Fight ကလပ် ၏ မွေထိုင်း လက်ဝှေ့စိန်ခေါ်ပွဲတွင် ထိုင်းနိုင်ငံသူ မွေထိုင်းနာမည်‌ကျော် Phayasingha ကို သုံးချီထိုးသတ်ခဲ့ပြီး အမှတ်ဖြင့်အနိုင်ရရှိထားကြောင်း သိရသည်။

ဗရော်နီကာသည် မွေထိုင်း (၁၃) ပွဲ ဆက် အနိုင်ထိုးသတ်နိုင်သည့် မှတ်တမ်းကောင်းလည်း ပိုင်ဆိုင်နိုင်ခဲ့ထားသူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here