မြန်မာ၌ ပိတ်မိနေသူများ ဘေးကင်းစွာနေရပ်ပြန်နိုင်ရေး ပူးပေါင်းပေးရန်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများတောင်းဆို

0
194

ဘနားမား၊နိုဝင်ဘာ ၂၅

ရှမ်းပြည်မြောက်ပိုင်းအပါအဝင် လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပွားနေသောပဋိပက္ခများကြား၌ ပိတ်မိနေသူ နိုင်ငံခြားသားများ ဘေးကင်းစွာဖြင့် နေရပ်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအဖွဲ့အစည်းများအားလုံးပူးပေါင်းပါဝင်ပေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများစုပေါင်းတိုက်တွန်းထားကြောင်းသိရသည်။

၎င်းတို့အနေဖြင့်မြန်မာအာဏာပိုင်များ၏ နိုင်ငံခြားသားများကို ဘေးလွတ်ရာရွှေ့ပြောင်းနိုင်ရေးကြိုးပမ်းမှုများကိုအသိမှတ်ပြုသော်လည်း အာဆီယံအဖွဲ့ဝင်သံရုံးများနှင့်ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးနိုင်ရန် နှင့် ဘေးလွတ်ရာသို့ လျင်မြန်စွာရွှေ့ပြောင်းနိုင်ရန်လည်းအရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။

၎င်းတို့၏ထုတ်ပြန်ချက်၌ ဝန်ကြီးများသည် ပဋိပက္ခများပြင်းထန်လာမှုအပေါ် အလွန်အမင်းစိုးရိမ်မကင်း ဖြစ်မိကြောင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန်၊အကြမ်းဖက်မှုများကိုရပ်တန့်ရန်၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုလိုက်နာရန်အပါအဝင် အရပ်သားများကိုကာကွယ်ရန်ပါထည့်သွင်းတောင်းဆိုထားကြောင်းသိရသည်။

တအာန်း ပလောင် လက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တို့သည် ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်မတော်စခန်းများကို စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများဖြစ်ပွားလာခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် ရခိုင်၊ ရှမ်း၊ ချင်း၊ စစ်ကိုင်း၊မကွေး၊ ကယားနှင့် ကရင်ပြည်နယ်တို့တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံ၌ အောက်တိုဘာ ၂၆ ရက်မှစတင်ပြီး နိုဝင်ဘာ ၂၂ ရက်အထိ လူပေါင်း ၃၃၅,၀၀၀ နီးပါး နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂကသတင်းထုတ်ပြန်ထားသည်။

Source :BERNAMA


LEAVE A REPLY

Please enter your comment!
Please enter your name here