မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာ သင်္ကန်းတော်ရက်လုပ်ပူဇော်ပွဲ

0
311

နေပြည်တော် နိုဝင်ဘာ ၂၆

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော် အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာ
သင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော်ဝတ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုကြသည်။

တာဝန်ရှိသူများလည်းတက်ရောက်ကြပြီး ဘုရားဖူးလာရဟန်းရှင်လူပြည်သူများကလည်း စည်ကားများပြားစွာလာရောက်ကြည့်ရှုကြ​ကြောင်းသိရသည်။

အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က
“ဇယမင်္ဂလာစာတမ်းလွှာ” ကို ဖတ်ကြားသည်။

မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပြီးနောက် မင်္ဂလာရွှေမောင်းကို တီးခတ်၍အချက်ပေးရာ ယက္ကန်းအဖွဲ့များ ရက္ကန်းစင်တော်များ၌ မသိုးရွှေကြာသင်္ကန်းတော်များကို စတင်ရက်လုပ်ကြသည်။

ထိုသို့ ယက္ကန်းအဖွဲ့များက ယက္ကန်းစတင်ရက်လုပ်သည်နှင့်တစ်ပြိုင်နက် အနုပညာရှင်များ၊  ယဉ်ကျေးမှုအဖွဲ့များက မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင် တေးသီချင်းဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေကြပြီးအခမ်းအနား တက်ရောက်လာကြသူများကမီးပုံးပျံငယ်များနှင့် မိုးပျံပူဖောင်းများကိုတစ်ပြိုင်နက် လွှတ်တင်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here