ရန်ကုန်စီးပွားရေးတက္ကသိုလ်
(၂၇)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အစီအစဥ်

0
322

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော/ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများ၏ (၂၇)ကြိမ်မြောက် အာစရိယပူဇော်ပွဲကိုဒီဇင်ဘာ ၉ ရက်နေ့ မနက်ပိုင်းတွင်ကျင်းပမည်ဖြစ်သည်။

သို့ ဖြစ်ပါ၍အနန္တဂိုဏ်းဝင် ဆရာကြီး၊ဆရာမကြီးများအား hybrid ဖြင့် online ကနေပါ ဂါရဝပြုနိုင်ရန် စီစဥ်ထားပြီး ကျောင်းသူ/ကျောင်းသား ဟောင်းများကိုပါ ဖိတ်ကြားထားသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်
(၂၇)ကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပရေးနှင့်ပတ်သက်၍လည်းအပတ်စဥ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကျင်းပလာသည်မှာပဥ္စမအကြိမ်မြောက်ရှိလာပြီဖြစ်သည်။ယမန်နေ့ (နိုဝင်ဘာ ၂၆ရက်) က လာရောက်လှူဒါန်းမှုများကိုလက်ခံခဲ့သည်။

ကျောင်းသူ/ကျောင်းသား ဟောင်းများ၊ လက်ရှိတက်ရောက်နေကြသောကျောင်းသူ/ကျောင်းသား များကလည်း အလှူငွေများ ထည့်ဝင်လျှက်ရှိသည်။

အလှူပါဝင်လိုသူများအနေဖြင့် အောက်ပါ ဘဏ်စာရင်းအမှတ်များသို့ ပေးပို့လှူဒါန်းနိုင်ကြသည်။

KBZ Bank Account – 02130209200060901

CB Bank Account – 0176600100006556

AYA Bank Account – 40031119919

အာစရိယပူဇော်ပွဲအစီစဥ်

နေ့ရက် – ၉-၁၂-၂၀၂၃{စနေနေ့}
အချိန်  – နံနက်{၁၀:၀၀}နာရီ
နေရာ   – နီလာရတုခန်းမ၊ရန်ကုန်စီးပွားရေးတက္ကသိုလ်(ကမာရွတ်)


LEAVE A REPLY

Please enter your comment!
Please enter your name here