တောင်ဥက္ကလာပမြို့နယ်၊ ဘေလီမီးပွိုင့်တွင် ကား ၂ စီး မတော်တဆ တိုက်မိမှုဖြစ်ပွား

0
242

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်း နှင့် သံသုမာလမ်း ထောင့်၊ ဘေလီမီးပွိုင့်တွင် ကား ၂ စီး မတော်တဆ တိုက်မိမှုဖြစ်ပွားကြောင်း မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

နိုဝင်ဘာ (၂၆) ရက်၊ ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်း နှင့် သံသုမာလမ်း ထောင့်၊ ဘေလီမီးပွိုင့်တွင် Lexus နှင့် ဟိုက်ဂျက်ယာဉ်တို့ မတော်တဆ တိုက်မိမှုဖြစ်ပွားရာ Lexus ယာဉ်လည်း ပျက်စီးခဲ့ရပြီး ဟိုက်ဂျက်ယာဉ်မှာ တိမ်းမှောက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း မေတ္တာသီတာရေစင်လူမှု ကယ်ဆယ်ရေးအသင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here