ယမန်နေ့ ညတိုက်ပွဲကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်‌ရေးစခန်း အဆောက်အဦနှင့် ကားတချို့ ပျက်စီး

0
242

ယမန်နေ့  ညပိုင်းက မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ကားကွင်းအတွင်းရှိ ယာဉ်အချို့နှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့‌ကြောင်း သိရသည်။

နိုဝင်ဘာလ (၂၆) ရက် ည (၉) နာရီဝန်းကျင်တွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးရှိ ဗျူဟာကုန်းအား မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

နှစ်ဘက် လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိသလို မြောက်ပိုင်း မဟာမိတ်များက ဒရုန်းများအသုံးပြုကာ
ဒရော့ဗုံးချတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး မြန်မာ့တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့သည်။

အဆိုပါ ပစ်ခတ်မှုများကြောင့် ကားကွင်းအနီးရှိ အဆောက်အဦးအချို့နှင့် ယာဉ်စစ် စင် အပါအဝင် ကားအချို့ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း ကားကွင်းအပြင်ဘက်တွင်လည်း ပန်ဆိုင်းလမ်းဆုံအနီး ရှိအဆောက်အဦအချို့ ၊ ရဲစခန်းရှေ့တိုက်တန်းရှိ အဆောက်အဦအချို့ လက်နက်ကြီးနှင့် ဗုံးစထိမှန်ကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here