ယခုနှစ် (၁၀) လတာ ကာလအတွင်း ပုဂံဒေသသို့ ခရီးသွားဧည့်သည် (၂)သန်းနီးပါး လာရောက်လည်ပတ်

0
210

၂၀၂၃ ခုနှစ်၏ (၁၀) လတာကာလအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ခရီးသွားဧည့်သည် (၂) သန်းနီးပါးလာရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။

ထို့အပြင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ ပုဂံဒေသသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ၁၁,၀၀၀ ကျော်လာရောက်ခဲ့ကြောင်းလည်း သိရသည်။

ပုဂံဒေသသည် ခရီးသွားလုပ်ငန်း တစ်ခုတည်းကိုသာ မှီခိုနေရသည့်အတွက် ခရီးသွားဧည့်သည် အလာများပါက ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်များ၊ တည်းခိုခန်းများ၊ e-bike များ၊ တုတ်တုတ်လုပ်ငန်းအစရှိသည့် ဆက်စပ်လုပ်ငန်းများ အဆင်ပြေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပုဂံဒေသသည် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အများဆုံးလာရောက်လည်ပတ်သည့်ဒေသတစ်ခုဖြစ်ကြောင်း၊ ယမန်နှစ် အလားတူကာလတွင် ခရီးသွားဧည့်သည် ၁ သန်းခန့် ဝင်ရောက်ခဲ့ပြီး နှိုင်းယှဉ်ပါက ယခုနှစ်သည် ခရီးသွားဧည့်သည် ၅၀ ရာခိုင်နှုန်းခန့် ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here