ဘန်ကောက် ဆူခွန်ဗစ် လမ်းမကြီးပေါ်က BTS ရထားမှတ်တိုင် Prom Phong၊ အမ်ပိုရီယမ် စျေးဝယ်စင်တာကြီး ဘေးရှိ Benjasiri ပန်းခြံ(Sukhumvit 22-24 )တွင် တန်ဆောင်တိုင်မီးမျှောပွဲအတွက် လူများကြိတ်ကြိတ်တိုးစည်ကားလျှက်ရှိသည်။
လွိုင်ကထုံ မီးမျှောပွဲ သည်အရေးပါသော ဓလေ့တစ်ခုဖြစ်ကြောင်း ထိုင်း ၀န်ကြီးချုပ်ဆရီသာ က ပြောသည်။
“မီးမျှောပွဲကို ကမ္ဘာ့အဆင့်မီ ပွဲတော်တစ်ခုအဖြစ် တိုးတက်ဖော်ဆောင်လာနိုင်သည့်ယဉ်ကျေးမှုမြို့တော်ဖြစ်သည်။ လက်ရှိအချိန်တွင် သဘာဝပတ်ဝန်းကျင်အရေးက လည်းအရေးကြီးသဖြင့် ပွဲတော်ပုံစံကို သဘာဝဝန်းကျင်မထိခိုက်အောင်ပြောင်းလဲရမည်ဖြစ်သည်။ ဒီပွဲတော်ကို ပိုပြီး စည်ကားအောင်၊ ပွဲလမ်းသဘင်နဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ဘယ်လို လုပ်မလဲဆိုတာကို ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ Soft Power ကော်မတီတို့ စဉ်းစားဖို့ကိစ္စဖြစ်သည်”ဟု ဝန်ကြီးချုပ်ကဆိုသည်။
Source- Khaosod