အပစ်အခတ်ရပ်စဲရန် တရုတ်စစ်တပ် တိုက်တွန်း

0
249

ပေကျင်း၊နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို ချက်ချင်းရပ်တန့်ရန် တရုတ်စစ်တပ်ကတောင်းဆိုလိုက်ကြောင်းသိရှိရသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) နေ့စဉ်သတင်းစာ၌ တရုတ်အနေဖြင့် နယ်စပ်လုံခြုံရေးအားတင်းကြပ်ထားရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းလည်းဖော်ပြခဲ့သည်။

“တရုတ် – မြန်မာနယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းတာက နှစ်နိုင်ငံပြည်သူတွေရဲ့ ဘုံဆန္ဒနဲ့အကျိုးစီးပွားအတွက်ဖြစ်ပါတယ်” ဟုလည်းဆိုသည်။

“တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကပဋိပက္ခတွေကို အလေးအနက်ထားအာရုံစိုက်လျက်ရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့လည်းချက်ခြင်းအပစ်ရပ်ပြီး ငြိမ်းချမ်းတဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်ဆောင်ရွက်ကြဖို့တိုက်တွန်းလိုပါတယ်” ဟုတရုတ်ကဆိုသည်။

ယင်း‌နောက် တရုတ်နိုင်ငံသည် စနေနေ့ကလည်း မြန်မာနှင့်နယ်စပ်တလျှောက်ရှိ ယူနန်ပြည်နယ်မှနေရာအသီးသီး၌လည်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က လေးရက်ကြာကျည်အစစ်ဖြင့်ပစ်ခတ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသည်လည်း ယခုလအတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး မြန်မာအစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကာ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုကာကွယ်နိုင်ရန်အတွက်လည်း လိုအပ်သောအစီအမံများလုပ်ဆောင်ပေးရန်တိုက်တွန်းခဲ့သေးကြောင်းသိရသည်။

Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်ထ်


LEAVE A REPLY

Please enter your comment!
Please enter your name here