Women & Junior Petanque World Championship 2023 ပြိုင်ပွဲ မြန်မာအသင်း ကွာတာဖိုင်နယ်အဆင့်ဖြင့် နှစ်သိမ့်ခဲ့ရ

0
223

Women & Junior Petanque World Championship 2023 ပြိုင်ပွဲတွင် မြန်မာအသင်းအ‌နေဖြင့် ကွာတာဖိုင်နယ်အဆင့်၌ နှစ်သိမ့်ခဲ့ရကြောင်း အဆိုပါအဖွဲ့ချုပ်ထံက သိရသည်။

ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ပထမဆုံး အုပ်စု(D)တွင် tchequle (cze)နိုင်ငံအသင်းဖြင့် ယှဉ်ပြိုင်ရာ (၁၃-၃)မှတ်ဖြင့် အမှတ်ပြတ်နိုင်ခဲ့ပြီးနောက်၊ လာအို အသင်းကိုလည်း (၁၃-၁၂)မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဗီယက်နမ်အသင်းဖြင့် ဆက်လက်ယှဉ်ပြိုင်ရာ (၁၃-၆)ဖြင့် အမှတ်ပြတ်ရှုံးနိမ့်ခဲ့ပြီး ကွာတာဖိုင်နယ်အဆင့်ဖြင့် နှစ်သိမ့်ခဲ့ရသည်။

ပြိုင်ပွဲတွင် အုပ်စုအလိုက်ယှဉ်ပြိုင်လာခဲ့ရာ လက်ရှိတွင် ပြင်သစ်၊ ဗီယက်နမ်နှင့် ထိုင်းအသင်းတို့က ဖိုင်နယ်အဆင့်သို့တက်ရောက်သွားပြီဖြစ်သည်။

ယခုပြိုင်ပွဲ့တွင် မြန်မာအသင်းမှ ပီတန်းအားကစားမယ် ခင်ချယ်ရီသက်က
ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၁)ရရှိခဲ့ပြီး၊
အမျိုးသမီးတစ်ဦးချင်း Shooting ပြိုင်ပွဲတွင် Vietnam ကစားသမားနှင့်ယှဉ်ပြိုင်ကစားရာ ရမှတ်(၄-၂)ဖြင့် ပထမဆုတံဆိပ် ရရှိထားသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့ မှ (၂၇)ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် Women & Junior Petanque World Championship 2023 ပြိုင်ပွဲကို နိုင်ငံပေါင်း(၄၁)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here