နမ့်ခမ်းမြို့နယ်အတွင်း ကျားဖြန့်ငွေလိမ် ဂိုဏ်းတစ်ခုကို SSPP/SSA ဝင်ရောက်ဖမ်းဆီး

0
297

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် တရုတ်- မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်အတွင်းရှိကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို SSPP/SSA က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ယမန်နေ့ နိုဝင်ဘာ(၂၇)ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးရမိသူများအနက် တရုတ်နိုင်ငံသား တရားခံများကို တရုတ်အစိုးရထံသို့လွဲပြောင်း အပ်နှံလိုက်ပြီဖြစ်ကြောင်း SSPP ၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ယင်း ကျားဖြန့်ငွေလိမ်ဂိုဏ်းကို နိုဝင်ဘာ (၂၃)ရက်က နမ့်ခမ်းမြို့နယ်အတွင်းရှိ အဆောက်အဦးတစ်ခုအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံသား (၈၈) ဦး နှင့် မြန်မာနိုင်ငံသား (၂၈) ဉီးစုစုပေါင်း (၁၁၆)ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးရာတွင် တရားခံများနှင့်အတူ ဆက်စပ်ပစ္စည်းများဖြစ်သည့် Destop Computer (၁၄၅) လုံး ၊ ဖုန်း (၂၀၄) လုံး တရုတ်ငွေ (၁၉,၁၅၀) ယွမ် ၊ မီးခံသေတ္တာတစ်လုံး ၊ Lnad Cuniser ကားအမျိုးအစားတစ်စီး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

SSPP/SSAအနေဖြင့် ယခင်ကလည်း တရုတ်-မြန်မာနယ်စပ်အတွင်းတွင်ရှိသော ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တရုတ်အစိုးရနှင့် ပူးပေါင်းဖမ်းဆီးခဲ့သော်လည်း လျော့ကျလာခြင်းမရှိကြောင်း ဆိုသည်။

ငွေကြေးလိမ်လည်သည့်နေရာတွင်လည်း တရုတ်နိုင်ငံသားများကို အဓိက ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မူများ ကျုးလွန်ကြောင်း တရုတ်ဘက်မှ ယူဆသဖြင့် ကျားဖြန့်ခေါင်းဆောင်ပိုင်းတစ်ချို့ကို ယခု နိုဝင်ဘာလအတွင်း က ဖမ်းဝရမ်းများ ထုတ်ခဲ့ရသည့် အခြေအနေဖြစ်ခဲ့ရကြောင်း ‌ရေးသားဖော်ပြထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)အနေဖြင့်
၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုံးဝမရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး၊ တွေ့ရှိလာပါက လူမျိုး ဘာသာမရွေး ထိရောက်စွာ တားစီးနှိမ်နင်းသွားမည်ဟု အမိန်ထုတ်ပြန်ထားကြောင်းသိရသည်။

ဓာတ်ပုံ SSPP/SSA


LEAVE A REPLY

Please enter your comment!
Please enter your name here