မူဆယ်(၁၀၅)မိုင်တိုက်ပွဲများကြောင့် ဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေဟု ဆို

0
137

ယမန်နေ့ နိုဝင်ဘာ (၂၈)ရက်နေ့ကဖြစ်ပွားခဲ့သော မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရှိ တိုက်ပွဲများကြောင့် ဖုန်းဆက်သွယ်ရေးလိုင်းများ လုံးဝပြတ်တောက်နေကြောင်း ယင်းဒေသအခြေစိုက်ပရဟိတအဖွဲ့ တာဝန်ခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ် ကို ပြောသည်။

“ကျွန်တော်က အခု တစ်နေရာရောက်နေတယ်။ အဲ့ဒီက ကျွန်တော့်အဖွဲ့ကို ဆက်သွယ်တော့ အဆက်အသွယ်မရဘူးဖြစ်နေတယ်။ ဖုန်းဆက်သွယ်ရေးကွန်ရက်အားလုံးနီးပါး ပြတ်တောက်နေတယ်။ မနေ့ ညကတော့ တစ်ချက်ဖုန်းရလိုက်တယ်။ သူတို့ပြောတာတော့ တစ်နေ့လုံးတိုက်ပွဲဖြစ်‌နေပြီးတော့ ညနေစောင်းလောက်မှာ ပြန်ငြိမ်သွားတယ်လို့ နောက်ဆုံး သိလိုက်ရတယ်။”ဟု ရှင်းပြသည်။

(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၌ နိုဝင်ဘာလ (၂၆)ရက် ညပိုင်းမှစတင်၍ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ၊ ယမန်နေ့ ညနေပိုင်းအချိန်တွင် ပြန်လည်ငြိမ်သက်နေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်း ကားကွင်းအနီးရှိ အဆောက်အဦးအချို့နှင့် ယာဉ်စစ်ဆေးရေးဂိတ်အပါအဝင် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ အဆောက်အဦးများ ပျက်ဆီးဆုံးရှုံးမှုများရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here