ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာမှ ရွှေတံဆိပ်(၁)ခုအပါအဝင် ဆုတံဆိပ် (၉) ဆု အထိရရှိထား

0
157

ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပနေသည့် ၂၀၂၃ခုနှစ်၊ (၇)ကြိမ်မြောက်
ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ် (7th WVVF World Vovinam Championships 2023)ပြိုင်ပွဲတွင် မြန်မာမှ ရွှေတံဆိပ် (၁) ခု အပါအဝင် ဆုတံဆိပ် (၉) ဆုအထိ ရရှိထားရရှိထားကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက် အထိကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံဗိုဗီနမ် အားကစားအဖွဲ့ချုပ်မှ အားကစားသမားများ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည်။

မြန်မာဗိုဗီနမ်အားကစားအသင်းသည် နိုဝင်ဘာ (၂၅) ရက်နေ့တွင် Four element staff form ပြိုင်ပွဲ၌ တင်ထူးဇော် ငွေတံဆိပ်(၁)ခုနှင့် 3male, 3Female ပြိုင်ပွဲ၌ တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်၊ အိ‌န္ဒြေဖူးတို့ကငွေတံဆိပ် (၁) ခု စုစုပေါင်း ဆုတံဆိပ် (၂)ခု ဆွတ်ခူးရရှိခဲ့သည်။

ထို့အတူ နိုဝင်ဘာ (၂၆) ရက်တွင် ၅၄ ကီလိုတန်း(အတိုက်ပြိုင်ပွဲ)တွင် မင်းမင်းထိုက်မှ ကြေးတံဆိပ်ဆု (၁) ခု၊ female self defense (အပြပြိုင်ပွဲ) တွင် အောင်ခိုင်လင်း၊ ချစ်နိုဒီဆောင်းတို့အတွဲမှ ကြေးတံဆိပ်ဆု (၁) ခု၊ pair sword form male ပြိုင်ပွဲတွင် တင်ထူးဇော်၊ ကျော်သူစိုးအောင် တို့အတွဲ ကြေးတံဆိပ်ဆု (၁) ခု၊ ying yang sword form male ပြိုင်ပွဲတွင် ဟိန်းထက်အောင်မှ ကြေးတံဆိပ်ဆု (၁) ခု၊ ying yang sword form female ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်မှ ငွေတံဆိပ်ဆု (၁ )ခုရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ (၂၇) ရက်တွင် ဆုမရခဲ့သော်လည်း နိုဝင်ဘာ (၂၈) ရက်တွင် Pair machete form male ပြိုင်ပွဲ၌ အောင်ခိုင်လင်းနှင့် ဟိန်းထက်အောင်တို့အတွဲက ရွှေတံဆိပ် (၁) ခု၊ Male yin Yan sword form team 4 ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်နှင့် တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် (၁)ခု ထပ်မံရရှိခဲ့သည်။

ထို့ကြောင့် မြန်မာအသင်းအနေဖြင့် နိုဝင်ဘာ (၂၈) ရက်ပြိုင်ပွဲများအပြီးတွင် ၊ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ် (၃)ခု၊ ကြေးတံဆိပ် (၅)ခု၊ စုစုပေါင်း ဆုတံဆိပ်(၉)ခုဆွတ်ခူးရရှိထားပြီး အခြားဆုတံဆိပ်များရရှိစေရန် ဆက်လက်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here