အခက်အခဲများကြားမှ MLBB M5 ယှဥ်ပြိုင်ရန် မနီလာသို့ရောက်ရှိသွားပြီဖြစ်သည့် မြန်မာကိုယ်စားပြု Burmese Ghouls

0
231
  • စည်းလုံးညီညွတ်မှုကို အသုံးချကာ အောင်မြင်မှုကို အရယူဖို့ MMA ဖိုက်တာ အောင်လအန်ဆန်က တိုက်တွန်းထား

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် Mobile Legends : Bang Bang M5 အုပ်စုပွဲစဉ်များ ယှဥ်ပြိုင်ရန် မြန်မာကိုယ်စားပြု Burmese Ghouls အသင်းသည် အခက်အခဲများကြားမှ မနီလာမြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာကိုယ်စားပြုယှဥ်ပြိုင်မည့် Burmese Ghouls ကစားသမားအချို့သည် Passport ကိစ္စအခက်အခဲများရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆင်ပြေသွားပြီဖြစ်ကာ ယနေ့ နိုဝင်ဘာ (၂၉) ရက်တွင် မနီလာမြို့သို့ရောက်ရှိခဲ့ပြီး M5 World Championship ယှဥ်ပြိုင်ရန် စုံညီစွာခရီးဆက်နေကြပြီဖြစ်ကြောင်း Burmese Ghouls ကအသိပေးထားသည်။

အဆိုပါ M5 World Championship ဝင်ရောက်ယှဥ်ပြိုင်ကြမည့် Burmese Ghouls အသင်းကို မြန်မာပရိသတ်တို့ရဲ့ အချစ်တော် MMA ဖိုက်တာ အောင်လအန်ဆန်ကလည်း ဂုဏ်ပြုစကား ပြောကြားထားပြီး စည်းလုံးညီညွတ်မှုကို အသုံးချပြီး အောင်မြင်မှုကို အရယူဖို့လည်း တိုက်တွန်း ပြောကြားထားသည်။

“ဆိုးအတူ ကောင်းအတူ ရှိခဲ့တဲ့ အချိန်တွေကို ပြန်မတွေးပဲမနေနိုင်ပါဘူး။ ကျွန်တော်တို့ M1 နဲ့ M2 မှာအကောင်းဆုံးလုပ်ခဲ့တယ်၊ MSC 2022 နဲ့ M4 မှာလည်း ကောင်းကောင်းလုပ်ပြနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီနှစ် MSC ကတော့ ခက်ခဲခဲ့တယ်။ အရင်ပွဲစဥ်တွေမှာ ကျဆုံးခဲ့တာ အောင်မြင်ခဲ့တာတွေ အားလုံးထားလိုက်ပါ၊ သတ္တိတွေမွေးပြီး အသစ်က ပြန်စဖို့ အချိန်တန်ပြီ။ အားလုံးတူတူ အရေးကြီးဆုံးဖြစ်တဲ့ စည်းလုံးညီညွတ်မှုကို အသုံးချပြီး အခုပဲ စလိုက်ကြရအောင်” ဟု အောင်လအန်ဆန်က လူမှုကွန်ရက်မှတဆင့် ဆုတောင်းအမှာစကားပြောကြားထားသည်။

မြန်မာကိုယ်စားပြု Burmese Ghouls အသင်း ယှဥ်ပြိုင်မည့် Mobile Legends : Bang Bang M5 အုပ်စုပွဲစဉ်များသည် လာမည့် ဒီဇင်ဘာ (၂)ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

လူငယ်များဖြင့် ဖွဲ့စည်းထားသော Burmese Ghouls အသင်းသည် ၂၀၁၈ ခုနှစ်မှစ၍ eSports လောကတွင်လူကြိုက်များလာပြီး HUAWEI Mobile Legends Championship, ZURICH MLBB Championship, MSC MM Qualifier 2018, HUAWEI Nova 3I Championship, MPL Myan mar Season 1, HUAWEI Nova 5T Championship, MP L Myanmar Season 3, ZURICH MLBB Champion ship 2020, MPL Myanmar Season 4, MPL Myanmar Season 5 အပါအဝင် အခြားပြိုင်ပွဲပေါင်းများစွာတွင် အောင်မြင်မှုရရှိခဲ့ပြီး နိုင်ငံကိုယ်စားပြုပွဲပေါင်းများစွာ ကစားခဲ့ကာ မြန်မာနိုင်ငံတွင် အအောင်မြင်ဆုံး eSports အသင်းအဖြစ်မှတ်တမ်းဝင်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here