ဘင်္ဂလားပင်လယ်အော်အတွင်း အားကောင်းသော မုန်တိုင်းငယ်အဆင့်မှ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်

0
248

မနက်ဖြန် နိုဝင်ဘာ(၃၀)ရက်၌ ဘင်္ဂလားပင်လယ်အော်အတွင်းအားကောင်းသော မုန်တိုင်းငယ်အဆင့်ဖြစ်‌ပေါ်ပြီး၊ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်ကြောင်း ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားသည်။

မိုးဇလ၏ ယနေ့ မြန်မာစံတော်ချိန်(၁၀)နာရီ မိနစ်(၃၀)အချိန်တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ မနက်ဖြန် နိုဝင်ဘာ (၃၀)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ မုန် တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ဆိုသည်။

ထိုမှတဆင့် ယင်း မုန်တိုင်းငယ်သည် ဒီဇင်ဘာ (၂) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here