ဘုရင့်နောင်ပွဲရုံ ပလက်ဖောင်းတွင် အမည်မသိ အမျိုးသား တစ်ဦး ‌ေ-သဆုံးနေသည့် ရုပ်အလေ-ာင်းတွေ့ရှိ

0
190

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံ၊ ယင်းမာလမ်းမကြီး၊ ပိတောက်လမ်းနှင့် စိန်ပန်းလမ်းကြား လမ်းဘေးပလက်ဖောင်းတွင် အမည်မသိ အမျိုးသား တစ်ဦး ‌ေ-သဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြတ်ကုသိုလ်အသင်း(နာ/ကူ) အသင်းမှ သိရသည်။

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံ၊ ယင်းမာလမ်းမကြီးတွင် နိုဝင်ဘာ (၂၉) ရက် နေ့လည်အချိန်ခန့်က အမည်မသိ အမျိုးသား တစ်ဦး ‌ေ-သဆုံးနေကြောင်း သတင်းအရ အသင်းမှ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

” ပြင်ပဒဏ်ရာမရှိဘူး ။ အိပ်နေရင်းနဲ့ ‌ေ-သဆုံးတာဖြစ်နိုင်ပါတယ်” ဟု အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ‌ေ-သဆုံးနေသော အမျိုးသားမှာ အသက်(၃၅)နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး ပိုင်ရှင်မသိရှိသေးကြောင်းနှင့် ရုပ်အလေ-ာင်းအား မြောက်ဥက္ကလာဆေးရုံ၊ရင်ခွဲရုံသို့ မြတ်ကုသိုလ်အသင်း(နာ/ကူ)အသင်းသားများမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here