အညာဒေသရှိ စစ်ရှောင်ပြည်သူများ
အတွက် ရွှေ့လျားအိမ်နှင့် ရွှေ့လျား စာကြည့်တိုက်များ ဆောက်လုပ်လှူဒါန်းမည်

0
211

အညာဒေသရှိ စစ်ရှောင်ပြည်သူများအတွက် ရွှေ့လျားအိမ်နှင့် ရွှေ့လျားစာကြည့်တိုက်များ ဆောက်လုပ်လှူဒါန်းရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ထဲက သိရသည်။

လက်ရှိတွင် ရွှေ့လျားအိမ်များနှင့် ရွှေ့လျားစာကြည့်တိုက်များကို ဆောက်လုပ်လျက်ရှိပြီး၊ အဆိုပါ ရွှေ့လျားအိမ်များသည် (၁၅) မိနစ်အတွင်း အဖြုတ်အတပ် ပြုလုပ်နိုင်သည့် သံဖရိန်များဖြင့်ဆောက်လုပ်ထားကြောင်း ဆိုသည်။

ယင်း ရွေ့လျှားသံဖရိန်အိမ်များတွင် 24 နာရီ မီးအသုံးပြုနိုင်ရန် Solar Station များလည်း ပါဝင်မည်ဖြစ်ပြီး၊ အိမ်တစ်လုံးအကျယ်အဝန်းမှာ (၉)ပေပတ်လည်ရှိသည့်အတွက် မိသားစုလိုက်နေထိုင်နိုင်မည်ဖြစ်သည်။

အညာဒေသရှိ စစ်ရှောင်ပြည်သူများအနေဖြင့် တောထဲတောင်ထဲတွင် ဖြစ်သလိုနေထိုင်ကြရသဖြင့် ယင်းလိုအပ်ချက်အားဖြည့်ဆည်းပေးခြင်းဖြစ်ရာ စစ်ရှောင်များအဆင်ပြေစွာ အလွယ်တကူ ယာယီဆောက်လုပ်နေနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

ထို့အတွက် ပြည်သူများအနေဖြင့် တစ်ဦးခြင်းဖြစ်စေ ၊ အဖွဲ့ဖြင့်ဖြစ်စေ ပါဝင် လှူဒါန်းပေးရန်နှင့် ရွှေ့လျှားအိမ်သံဖရိန်အိမ်တစ်လုံးလျှင် ကျပ်(၈၀၀,၀၀၀) သိန်းဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်းမီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။

မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ အနေဖြင့် တန်ဖိုးနည်းအိမ်အလုံးပေါင်း (၁,၀၁၅ )လုံးကိုလည်းဆောက်လုပ်လှူဒါန်းထားပြီးဖြစ်‌ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here