တရုတ်နိုင်ငံတွင် တုပ်ကွေးအစုလိုက် ဖြစ်ပွားနေမှုများအားထိထိရောက်ရောက် ကိုင်တွယ်ထိန်းချုပ်ထားဟု နိုင်ငံခြားရေးဝန်ကြီး ပြော

0
151

မကြာမီက တရုတ်နိုင်ငံအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုတွေ တိုးမြင့်လာခြင်းဟာ အခြားနိုင်ငံအားလုံးမှာလည်း ကြုံတွေ့ရတဲ့ ပုံမှန်ဖြစ်နေကျ အကြောင်းအရာတစ်ခုသာဖြစ်ကြောင်းနဲ့ ဒီဖြစ်စဉ်အပေါ် တရုတ်အာဏာပိုင်တွေက ထိထိရောက်ရောက် ကိုင်တွယ်ထိန်းချုပ်ထားပြီးဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ ၂၉) မှာ ပြောဆိုခဲ့ပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုတွေ တိုးမြင့်လာတာနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ အသေးစိတ်ပေးပို့ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ တရုတ်ထံတောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် WHO အရာရှိတစ်ဦးက တနင်္လာနေ့မှာ ပြောဆိုရာမှာတော့ တရုတ်မှာ ဖြစ်နေတဲ့ နာမကျန်းမှုတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်မီ အခြေအနေကလောက် မြင့်မားခြင်းမရှိဘူးလို့ ဆိုခဲ့သလို ရောဂါအသစ်အဆန်း ဒါမှမဟုတ် မူမမှန်တဲ့ ရောဂါဖြစ်စဉ်မျိုး မရှိဘူးလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

“တရုတ်နိုင်ငံရဲ့အချို့အစိတ်အပိုင်းတွေမှာ မကြာခင်က ကလေးငယ်တွေအကြား တုပ်ကွေး အစုလိုက်ဖြစ်ပွားမှုတစ်ချို့ မိမိတို့တွေ့ရှိထားပါတယ်၊ ဒါက နိုင်ငံများစွာမှာ အလွန်တွေ့နေကျ ဖြစ်စဉ်တစ်ခုပါ၊ နောက်ပြီး တရုတ်နိုင်ငံမှာတော့ ဒါကို ထိထိရောက်ရောက် ကိုင်တွယ်ထိန်းချုပ်ထားပါတယ်’ လို့ နယူးယောက်ရှိ ကုလသမ္မဂဋ္ဌာနချုပ်မှာ ဝမ်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့နိုင်ငံတကာ အသိုက်အဝန်းနဲ့လက်တွဲဆောင်ရွက်မှုက ဘယ်လို အကြောင်းကိစ္စမျိုးမှ ထိခိုက်သက်ရောက်စေမှာ မဟုတ်ကြောင်း၊ ကမ္ဘာတစ်ဝန်းမှ မိတ်ဆွေတွေ ပိုမိုလာရောက်လည်ပတ်ခြင်းကို မိမိတို့ ကြိုဆိုပါကြောင်း ဝမ်က ဆက်လက်ပြောဆိုခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here