အမှိုက်ပုံများမှတဆင့် လျှပ်စစ်ဓာတ်အားထုတ်ယူရန် ကိုရီးယားစွမ်းအင်ကုမ္ပဏီတစ်ခုနှင့် ဆွေးနွေးနေ

0
230

ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီအနေဖြင့် အမှိုက်ပုံများမှတဆင့် လျှပ်စစ် ဓာတ်အားထုတ်ယူရန် ကိုရီးယားစွမ်းအင်ကုမ္ပဏီတစ်ခုဖြင့် ယမန်နေ့ နိုဝင်ဘာ (၂၉) ရက်၌ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားထုတ်ယူမည့် အမှိုက်ပုံများသည် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ထားဝယ်ချောင်အမှိုက်ပုံများမှ ထုတ်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့်ကိုရီးယားနိုင်ငံ GES Global Energy Solution ကုမ္ပဏီမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးကြရာတွင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနက ၎င်းအမှိုက်ပုံများရှိ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများမှထွက်ရှိသော ဓာတ်ငွေ့များကို စုပေါင်းသန့်စင်၍ မီးရှို့ခြင်းနှင့် လျှပ်စစ်ထုတ်ယူခြင်း စီမံကိန်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် ရန်ကုန်နြို့တော်စည်ပင်သာယာရေးကော်မတီနှင့် GES Global Energy Solution ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်ခဲ့သော ဖြစ်နိုင်ခြေလေ့လာမှု(Feasibility Study) များအရ ထိန်ပင်နှင့် ထားဝယ်ချောင်အမှိုက်ပုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့်အခြေအနေများ၊ အမှိုက်ပုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီမံကိန်းလုပ်ငန်း စတင်မည့်အချိန်ကာလနှင့်ပြီးစီးမည့် အချိန်ကာလအခြေအနေများ၊ စီမံကိန်းလုပ်ငန်းအား အဆင့်(၃) ဆင့် ခွဲခြားဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် လျှပ်စစ်ထုတ်လုပ်မည့်နည်းပညာနှင့်ပတ်သက်သည့်အခြေအနေများ၊ စီမံကိန်းလုပ်ငန်းပြီးစီးပါက ရရှိလာမည့် ဓာတ်အားပမာဏ အခြေအနေများ၊ ထိန်ပင်နှင့် ထားဝယ်ချောင်အမှိုက်ပုံများမှ အမှိုက်များအား ဓာတ်ခွဲစမ်းသပ်ပြီးစီးမှုအခြေအနေများ၊ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများ၏ အရွယ်ပမာဏအား လျှော့ချနိုင်မည့်အခြေအနေများ၊ စီမံကိန်းလုပ်ငန်းအပေါ် ရရှိလာမည့်အကျိုးအမြတ် ခွဲဝေနိုင်မည့် အခြေအနေများ၊ အမှိုက်ပုံများမှအမှိုက်များအား ခွဲခြားထုတ်လုပ်မည့်အခြေအနေများကို ညှိနှိုင်းဆွေးနွေး ကြသည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်အတူ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ GES Global Energy Solution ကုမ္ပဏီမှ Dr.Won Seunghyun နှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်းသိရသည်။

ပုံစာ – လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံတွင် အမှိုက်စွန့်ပစ်နေစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here