မြန်မာလုပ်သား (၈၀၀) ကျော်ကို ဂျပန်နိုင်ငံမှ ထပ်မံခေါ်ယူ

0
279

ဂျပန်နိုင်ငံရှိ ကုမ္ပဏီတွေများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား (၈၀၀) ကျော်ကို ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက နိုဝင်ဘာ (၃၀) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ကမ်းလှမ်းလာသည့် မြန်မာလုပ်သား (၈၂၉) ဦးအတွက် အလုပ်ခေါ်စာများကို နိုဝင်ဘာလ (၁၆) ရက်မှ (၃၀) ရက်အတွင်း စိစစ်ထားသည့် အလုပ်ကမ်းလှမ်းစာ (၂၈၈) ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်ကမ်းလှမ်းလာသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိနှင့် စာရွက်စာတမ်း အထောက်အထားများကို စိစစ်ပြီး တွေ့ရှိချက် သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၈၀၀) ကျော် ထပ်မံခေါ်ယူထားကြောင်းဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းကလည်း ဂျပန်ကုမ္ပဏီများမှ ဂျပန်နိုင်ငံမှ အလုပ်ကမ်းလှမ်းစာ (၃၁၃) ခု ပေးပို့ထားပြီး အမျိုးသား (၃၆၀) ကျော်နှင့် အမျိုးသမီး (၄၆၀) ကျော်ကို ခေါ်ယူထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here