ထိုင်းနိုင်ငံရှိလေဆိပ်ခြောက်ခု၌ ၂၀၂၄ ခုနှစ်ဧပြီလမှစ၍ ထွက်ခွာစရိတ်တိုးမြှင့်ကောက်ခံမည်

0
191

ဘန်ကောက်၊နိုဝင်ဘာ ၂၉

ထိုင်းနိုင်ငံလေဆိပ်များဥက္ကဋ္ဌ Kerati Kijmanawat က လာမည့် ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ ထွက်ခွာခရီးသည်များအတွက် အခကြေးငွေ တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံတကာသို့ထွက်ခွာမည့် ခရီးသည်တစ်ဦးလျှင် ထိုင်း ဘတ်ငွေ ၇၀၀ မှ ၇၃၀ သို့လည်းကောင်း၊ပြည်တွင်းခရီးသည်များအတွက် တစ်ဦးလျှင် ဘတ် ၁၀၀ မှ ၁၃၀ သို့လည်း‌ကောင်းတိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ကောက်ခံသည့် ခရီးသည်ဝန်ဆောင်ခမှ အခကြေးငွေကို လေဆိပ်တိုးတက်‌ရေးမြှင့်တင်ရန်နှင့် ပြုပြင်ထိန်းသိမ်းမှုအတွက် တရားဝင်အသုံးပြုမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။သုဝဏ္ဏဘူမိလေဆိပ်သည် အခကြေးငွေကို ၂၀၀၆ ခုနှစ်ကတည်းကတိုးမြှင့်ကောက်ခံခြင်းမရှိသေးဟုလည်းဆိုခဲ့သည်။

“ဝန်ဆောင်ခတိုးလာခြင်းသည် ခရီးသည်များအား ဝန်ထုပ်ဝန်ပိုးဖြစ်စေရန်ရည်ရွယ်ခြင်းမဟုတ်ပဲ လက်မှတ်များရှိ ကျသင့်ငွေများကို အမျိုးအစားခွဲမှုပြောင်းလဲခြင်းမျှသာဖြစ်ကာ ခရီးသည်များအားထိခိုက်မည်မဟုတ်” ဟုလည်းဆိုခဲ့သည်။

ဝန်ဆောင်ခကိုတိုးမြှင့်ခြင်းသည် အခွန်ငွေပိုမိုရရှိစေရန်ကူညီပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ရရှိငွေသည် များပြားလှသည်မဟုတ်သော်လည်း လာမည့် ၂၀၂၄ ခုနှစ်တွင် ခရီးသည် သန်း ၁၂၀ နှင့် ဝင်ငွေ ၃ ဒသမ ၆ ဘီလျံ ပိုမိုရရှိရန်မျှော်လင့်ထားသည်ဟုလည်းဆိုခဲ့သည်။

Source : Khasod English


LEAVE A REPLY

Please enter your comment!
Please enter your name here