ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား Korea Consumer Global Council မှ “ 2023 Best Ambassador Award” ဆုချီးမြှင့်

0
299

ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် နိုဝင်ဘာ (၂၉)ရက်တွင် ဆိုးလ်မြို့ရှိ Korea Press Center ၌ ကျင်းပပြုလုပ်သည့် ကိုရီးယားသမ္မတနိုင်ငံရှိ Korea Consumer Global Council က Korea Consumer Brand Grand Prize Awards ၏ တစ်စိတ်တစ်ဒေသအဖြစ် အပ်နှင်းသည့် 2023 Best Ambassador Award ကိုလက်ခံရယူခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် Korea Consumer Brand Awards Committee ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Kim Cheol-ho က မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ကိုရီးယားသမ္မတနိုင်ငံတွင် သံတမန်အခန်းကဏ္ဍ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ Korea Consumer Global Council သို့ စဉ်ဆက်မပြတ် ကူညီ ဆောင်ရွက်ပေးခြင်းနှင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ခဲ့ခြင်းတို့ကြောင့် ၂၀၂၃ ခုနှစ်အတွက် Best Ambassador Award ကိုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့သည်။

သံအမတ်ကြီး ဦးသန့်စင်က Best Ambassador Award ကိုလက်ခံရယူပြီးနောက် အဆိုပါဆုသည် မြန်မာနိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုတို့ ပိုမိုခိုင်မာစေရန် အားဖြည့်ပေးသည့်အပြင် ကိုရီးယားနိုင်ငံ၏ Polytechnic University နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး သံတမန်ကဏ္ဍ၊ စီးပွားရေး နှင့် ယဉ်ကျေးမှု နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို Korea Consumer Global Council နှင့်အတူ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

2023 Best Ambassador Award ဆုကို မြန်မာသံနိုင်ငံအမတ်ကြီး ဦးသန့်စင်နှင့်အတူ ဖိလစ်ပိုင်နိုင်ငံနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့မှ သံအမတ်တို့ကိုလည်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၁ ခုနှစ်တွင်လည်း Best Ambassador Award ကို လက်ခံရရှိခဲ့ပြီး၊ ယခု ၂၀၂၃ ခုနှစ်တွင် ဒုတိယ အကြိမ် လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here