အရပ်ဖက် အဆောက်အဦများကို အကာအကွယ်ယူကာ စတင်ပစ်ခတ်လာမည်ဆိုပါက စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ တုန့်ပြန်ဆောင်ရွက်မည်ဟု နစက ပြောခွင့်ရသူ ပြော

0
10270

ပြည်သူပိုင် အဆောက်အဦများ၊ ပညာရေး၊ ကျန်းမာရေး အဆောက်အဦများကို အကာကွယ်ယူ၍ စတင်တိုက်ခိုက်လာပါက စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ တုန့်ပြန်ဆောင်ရွ က်သွားမည်ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ နိုဝင်ဘာ (၃၀) ရက် ညပိုင်းက နိုင်ငံတဝန်း စစ်ရေးအခြေအနေနှင့် တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

” ရန်သူက ကိုယ့်ကို မပစ်မခတ်မချင်း အရပ်ဖက်အဆောက်အဦပါပဲ။ ရန်သူက ဒီဟာပေါ်မှာ မူတည်ပြီး ပစ်ခတ်လာရင်တော့ စစ်ဖက်ဆိုင်ရာ အဆောက်အဦအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လတ်တလော ဖြစ်ပွားနေသည့် ထိတွေ့တိုက်ပွဲများအတွင်း ပြည်သူပိုင်အဆောက်အဦများ၊ ကျောင်းများ၊ ဆေးရုံများ၊ ကုန်သွယ်ရေးဆိုင်ရာ အဆောက်အဦများနှင့် သာသနိက အဆောက်အဦများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိပြီး အရပ်သားပြည်သူ ထိခိုက်‌ေ-သဆုံးမှုများလည်း ရှိနေကြောင်း စစ်ရေးသတင်းများအရ သိရသည်။

ယင်းကဲ့သို့ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုများ၊ဗုံးကျဲတိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးနေရခြင်းဖြစ်ကြောင်း EAOs များနှင့် NUG ၊ PDF အဖွဲ့များက ပြစ်တင်ပြောဆိုနေကြသည်။

ယင်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားကို နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ညပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ယနေ့ နိုဝင်ဘာ (၃၀) ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် နမ့်ခမ်း၊ တာမိုးညဲ ၊ ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း နစက ဘက်က သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here