နောက်ဆုံး Apollo မစ်ရှင်အပြီး နှစ်ပေါင်း ၅၀ ကြာခဲ့ပြီးနောက် ဇန်နဝါရီ ၂၅ တွင် အမေရိကန် လပေါ်ပြန်သွားမည်

0
145

လမျက်နှာပြင်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သော ပထမဆုံးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသည် နောက်ဆုံး Apollo မစ်ရှင်အပြီး နှစ်ပေါင်း ၅၀ ကျော်အကြာတွင် ၂၀၂၄ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် လပေါ်သို့ အာကာသယာဉ်တစ်စင်း ဆင်းသက်ရန် ထပ်မံကြိုးစားမည်ဟု သိရသည်။

Peregrine လို့အမည်ပေးထားသော လဆင်းယာဉ်ပေါ်တွင် လူလိုက်ပါမည်မဟုတ်ချေ။ NASA ၏ လူလိုက်ပါမည့် Artemis အာကာသ မစ်ရှင်များအတွက် လပတ်ဝန်းကျင်ကို လေ့လာရန် NASA ၏ CEO ဖြစ်သူ John Thornton က Peregrine အစီအစဉ်ကို ရေးဆွဲကာ အမေရိကန်နိုင်ငံအခြေစိုက် Astrobotic Technology ကုမ္ပဏီ မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်များစွာက NASA သည် CLPS ဟုခေါ်သော ပရိုဂရမ်တစ်ခုဖြစ်သည့် လသို့ သိပ္ပံနည်းကျ စမ်းသပ်မှုများနှင့် နည်းပညာများကို ပေးပို့ရန်စီစဉ်ခဲ့သည်။

“လမျက်နှာပြင်ပေါ်ကို ဆင်းသက်ဖို့သွားတဲ့ မစ်ရှင်တွေရဲ့ ထက်ဝက်လောက်သာ အောင်မြင်ခဲ့ပါတယ်” ဟု NASA ၏ CEO John Thornton ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here