ကိုရီးယားသို့ ရာသီချိန်လုပ်သားစေလွှတ်ရေး အေဂျင်စီ ၁၁ ခု တင်ပြထား

0
255

ကိုရီးယားနိုင်ငံသို့ ရာသီချိန်အလုပ်သမားစေလွှတ်ခွင့်ပြုရန် လာရောက်တင်ပြထားသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီ (၁၁) ခုရှိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

ရာသီချိန်အလုပ်သမား စေလွှတ်ရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ ရှိသကဲ့သို့ ကိုရီးယားနိုင်ငံဘက်မှလည်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများရှိကြောင်း သိရသည်။

“ကျန်အေဂျင်စီများအနေနဲ့လည်း သတ်မှတ်ချက်များနဲ့အညီ လာရောက်လျှောက်ထားပါက စိစစ်ပြီး မှန်ကန်မှုရှိလျှင် ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်”ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။

အဆိုပါ သတ်မှတ်ချက်များကို လုပ်သားစေလွှတ်လိုသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများအနေဖြင့် သိရှိထားပြီးဖြစ်သည့်အတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပြီး အချက်အလက်ပြည့်စုံစွာ တင်ပြနိုင်သည့် အေဂျင်စီများအနေဖြင့် လုပ်သားစေလွှတ်နိုင်ရေးအတွက် တင်ပြလျှောက်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here