တစ်ရက်အတွင်း ဓာတ်ဆီတစ်လီတာ (၃၀၀)ကျော် ဈေးခုန်တက်

0
235

ယနေ့ပြည်တွင်း စက်သုံးဆီဈေးကွက်တွင် ရောင်းချနေသည့်ဈေးနှုန်းများအရ ဓာတ်ဆီတစ်လီတာ ၃၀၀ ကျော် ဈေးမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

နိုဝင်ဘာလ (၃၀)ရက်က စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၁၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၃၀၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၀၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၂၉၀ ကျပ်‌သာရှိခဲ့ခြင်းဖြစ်သည်။

ယနေ့ ဒီဇင်ဘာ (၁) ရက်တွင် ၉၂ တစ်လီတာ ၂၅၁၀ ကျပ်၊ ၉၅ တစ်လီတာ ၂၆၄၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၁၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၀၅ ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။

” ဆီဈေးက ရုတ်တရက် မြင့်တက်လာတယ်။ အဆင်မပြေဘူး။ အုံနာကြေးက တစ်ရက်ကို ၁၂၀၀၀ ပေးရတယ်။ ဆီကိုဝယ်မထည့်နိုင်ဘူး။ ခေါက်တိုလေးတွေပဲ ဆွဲနေရတယ်။ အဝေးကြီးဆိုရင် အပြန်လူမပါရင် ရှုံးရော”ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

ဒီဇင်ဘာ (၅)ရက်မှ စတင်ကာ စက်မှုဇုန်များသို့ နိုင်ငံတော် အစီအစဉ်ဖြင့် စက်သုံးဆီ မရောင်းချပေးတော့ဘဲ စက်မှုဇုန် လုပ်ငန်းရှင်များ မိမိကိုယ်တိုင် တင်သွင်းရန် ညွှန်ကြားထားကြောင်း သတင်းများထွက်ပေါ်နေသည်။

“ဆီက စက်မှုဇုန်ကို မ​​ပေး​ရင် ဆီလက်ကျန်​ပိုမယ်။ ပြန်​ပေးရင်လဲ ​နေမြဲပြန်​ရောက်မယ်။ ဆီ​စျေး အခုလို ထိုးထက်ဖို့ ဖြစ်တန်​​ချေကနည်းပါတယ်။ ရေနံ​စျေးကလည်း အစ္စ​ရေး- US meeting ပြီးတာ​တောင် မှမတက်တာ​လေ။ USD ​စျေးက တဖြည်ဖြည်း ကျ​နေတာလည်းရှိတယ်။ဒါ​ပေမယ့် ဗဟိုဘဏ်ရဲ့ နှုန်းထားက ​ပြောင်း​ရင်​တော့မ​ပြောတတ်ဘူး”ဟု သုံးသပ်သူတစ်ဦးကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here