YUFC က ပွဲပြီးချိန်တွင် လေးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ

0
227

မြန်မာနေရှင်နယ်လိဂ် -၂၀၂၃ ပြိုင်ပွဲ၊ ပွဲစဉ်(၂၁)အား ယနေ့ ဒီဇင်ဘာ (၁) ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားကြရာ၊ ရန်ကုန်ယူနိုက်တက်(YUFC )အသင်းက ပွဲပြီးဆုံးချိန်တွင် အားကာသိပ္ပံ(ISPE)အသင်းကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

YUFC အသင်းနှင့် ISPE အသင်းတို့၏ ယှဉ်ပြိုင်ကစားပုံကို လတ်တလော ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း YUFC အသင်းအနေဖြင့် ပြိုင်ဘက်အသင်းကို ဂိုးပြတ်ကစားပြနိုင်ခဲ့သည်။

YUSC အသင်းအနေဖြင့် ပြီးခဲ့သော ပွဲစဉ်(၂၀)တွင် ဟံသာဝတီယူနိုက်တက်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက် ရမှတ်သုံးမှတ်တက်ကာ ရမှတ်စုစုပေါင်း (၅၀)ရရှိထားပြီဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် -၂၀၂၃ ပြိုင်ပွဲတွင် အသင်းပေါင်း (၁၂) ယှဉ်ပြိုင်ကစားလျှက်ရှိရာ၊ ရှမ်းယူနိုက်တက်အသင်းက လက်ရှိတွင် ရမှတ်(၅၃)မှတ်ဖြင့် ထိပ်ဆုံးအသင်းနေရာ၌ ရပ်တည်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here