ဂါဇာ၌တိုက်ပွဲများပြန်စပါက ဘေးကင်းဇုန်များ ထားပေးရန် အစ္စရေးအားဘလင်ကန်တိုက်တွန်း

0
139

တယ်လဗီ၊ဒီဇင်ဘာ ၁

ဂါဇာ၌ အဓိကစစ်ဆင်ရေး ပြန်စပါက ပါလက်စတိုင်းပြည်သူများအတွက် ခိုလှုံစရာအဖြစ် ဘေးကင်းဇုန်နေရာသတ်မှတ်ထားပေးရန် အစ္စရေးရောက်နေသည့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးအားတိုက်တွန်းခဲ့ကြောင်းသိရသည်။

အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့တို့အကြား နှစ်ဖက်သဘောတူညီချက်ဖြင့် အပစ်အခတ်ရပ်စဲထားသည်မှာ မူလလေးရက်တာကာလမှ နှစ်ရက်ထပ်တိုးပြီး ခြောက်ရက်အထိဖြစ်လာကာ နိုဝင်ဘာ ၃၀ အထိထပ်မံတိုးမြှင့်လိုက်သဖြင့် ခုနစ်ရက်တာကာလသို့ရောက်ရှိခဲ့သည်။

ထိုခုနစ်ရက်တာကာလအတွင်း ဓ-ါးစာခံနှင့်အကျဉ်းသားများလဲလှယ်ခြင်းအပါအဝင် ဂါဇာသို့လူသားချင်းစာနာမှုအကူအညီများပေးပို့ခဲ့ပြီး ဘလင်ကန်က အဆိုပါအပစ်အခတ်ရပ်စဲမှုအား ထပ်မံသက်တမ်းတိုးရန်တောင်းဆိုထားသော်လည်း ယနေ့တွင်နှစ်ဖက်တိုက်ပွဲများပြန်စတင်နေပြီဟုသိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်သည် အစ္စရေး – ဟားမတ်စ်ပဋိပက္ခအတွင်း သုံးကြိမ်မြောက်အဖြစ် အစ္စရေးသို့ရောက်ရှိနေခြင်းဖြစ်ပြီး တိုက်ပွဲဆက်လက်ဖော်ဆောင်မည်ဆိုပါက ဂါဇာအရပ်သားပြည်သုများအတွက် ဘေးကင်းစွာခိုလှုံနိုင်မည့်နေရာစီစဉ်ပေးထားရန်တောင်းဆိုခဲ့ခြင်းလည်းဖြစ်သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here