ဒီမိုကရေစီစနစ်သည် အကြမ်းဖက်ခြိမ်းခြောက်မှု မပါဘဲ ဖော်ဆောင်ရသည့် စနစ်ဖြစ်ကြောင်း နစက၏ ပြောရေးဆိုခွင့်ရှိသူပြော

0
157

ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အကြမ်းဖက်သည့်နည်းလမ်း၊ ခြိမ်းခြောက်သည့်နည်းလမ်းဖြင့် ဖော်ဆောင်၍မရကြောင်း နစက၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဒီဇင်ဘာ (၁) ရက်တွင် ထုတ်ပြန်သည့် ပုံမှန်သတင်းထုတ်ပြန်ချက်တွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

” ဒီမိုကရေစီ စနစ်ဆိုတာသည် ပြည်သူလူထု၏ ဆန္ဒကို အကြမ်းဖက်သည့်နည်း၊ ခြိမ်းခြောက်သည့်နည်း မပါဘဲနဲ့ ဖော်ဆောင်ရတဲ့စနစ်ဖြစ်ပါတယ်။ ပြည်သူကနေ ရွေးချယ်တဲ့ကိုယ်စားလှယ်တွေက
ဒီမိုကရေစီနည်းလမ်းတကျ ရှိနေတဲ့ တရားဥပဒေတွေရဲ့ နည်းလမ်းတကျ ဖော်ဆောင်ရတာ ဖြစ်ပါတယ်” ဒါမှသာ အောင်မြင်မှာ ဖြစ်ပါတယ်” ဟု ‌ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို အားပေးနေသူများအနေဖြင့် မိမိ၏ စိတ်ထဲတွင် ဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုလားသည်လား ဆိုသည်ကို ဆန်းစစ်ရမည်ဟုလည်း ၎င်းက ဆိုသည်။

ထို့အပြင် ပြည်သူလူထုအနေဖြင့် NUG ၊ PDF များအနေဖြင့် ပြည်သူလူထုလိုလားသည့် ဒီမိုကရေစီစနစ် ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တည်ထောင်ပေးနိုင်မည်ကို ယုံကြည်ပါသလားဟုလည်း မေးခွန်းထုတ်ခဲ့သည်။

အကယ်၍ ယင်းကဲ့သို့ ယုံကြည်နေမည်ဆိုပါက မိုက်မဲသည့် ယုံကြည်မှုမျိုးပင်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် တပ်မတော်အနေဖြင့် မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ပြည်ထောင်စု စနစ်ကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို မလွဲမသွေ လျှောက်လှမ်းတည်ထောင်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here