မြဝတီကုန်သွယ်ရေးဇုန်မှတဆင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၈၃ ဒဿမ ၈၂၂ ရရှိ

0
144

မြဝတီကုန်သွယ်ရေးဇုန်မှတဆင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၈၃ ဒဿမ ၈၂၂ ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။

ယင်း ကုန်သွယ်မှု ပမာဏသည် ပြီးခဲ့သော နိုဝင်ဘာ (၁) ရက်နေ့မှ နိုဝင်ဘာလ (၂၄ )ရက်နေ့အထိ လဝက်အတွင်းကုန်သွယ်မှုပမာဏဖြစ်သည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် ပို့ကုန် အမေကန်ဒေါ်လာ (၁၇ ဒဿမ ၁၆၀)သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၆၆ ဒဿမ ၆၆၂ )သန်း ရရှိထားသည်ဟု ဆိုသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ပို့ကုန်တင်ပို့ရာ၌ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများတွင် ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ပုပ်သိုးပျက်ဆီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သော ကြက်သွန်နီနှင့် ငရုတ်များကိုလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်းသိရသည်။

ပြည်သွင်းသို့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ချုပ်ပြီးအထည်၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်း၊တွင်းထွက်(သတ္တုမှအပ)ဆောက်လုပ်ရေးပစ္စည်းများ၊ဆေးဝါး ပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့်မော်တော်ယာဉ် ပစ္စည်းများ၊ ဆပ်ပြာ၊ သံနှင့်သံမဏိဆောက်လုပ်‌ရေးပစ္စည်းများ၊တာယာနှင့်ကျွတ်များ၊ သံနှင့်သံမဏိပစ္စည်း တို့တင်သွင်းခဲ့သည်။

အလားတူ ပြည်တွင်းမှအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ငရုတ်သီး၊ သတ္တုနှင့်သတ္တုရိုင်းများ၊ ဂေါ်ဖီ၊ ချုပ်ပြီးအထည်၊ ၊ပြောင်း၊မတ်ပဲ၊ ကွမ်းသီး၊ ငါးမျိုးစုံ၊ အခြားရေထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခု ဒီဇင်ဘာ (၁)နေ့ မှစ၍ ကော့ကရိတ်မြို့အနီး တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မြဝတီကုန်သွယ်ရေးဇုန်မှတဆင့် ပို့ကုန်/သွင်းကုန် ဆောင်ရွက်မည့် ကုန်တင်ယာဉ်အချို့ အာရှလမ်းမကြီးပေါ်တွင် ပိတ်မိမှုများဖြစ်ပွားလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here