တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ)မှ စစ်ရေယာဉ်များ ပြန်လည်ထွက်ခွာ

0
162

မြန်မာနိုင်ငံသို့ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးရောက်ရှိနေသော တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

44th PLA Navy Escort Task Group (ETG) မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Zi Bo နှင့် ဖရီးဂိတ် စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေး စစ်ရေယာဉ် Qian Dao Hu တို့သည် ဒီဇင်ဘာ ၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း၊ တရုတ်-မြန်မာဗုဒ္ဓဘာသာအသင်းတို့က လိုက်ပါပို့ဆောင် နှုတ်ဆက်ကြကြောင်း သိရသည်။

အဆိုပါ စစ်ရေယာဉ်များတွင် လိုက်ပါလာခဲ့ကြသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များသည် နိုဝင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းက တပ်မတော်(ရေ)မှ စစ်ရေယာဉ် (ကျန်စစ်သား)အား လာရောက်လေ့လာခဲ့ကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

၎င်းတို့ မြန်မာနိုင်ငံသိုရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားခြင်း၊ သန်လျင်တပ်နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း (ဆိပ်ကြီး)၌ စာရေးကိရိယာလှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်အတူ ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန်ကာကွယ်ရေး လေ့ကျင့်ခန်းများ၊ ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ ပူးပေါင်းလုပ်ဆောင်ရန် လေ့ကျင့်ခန်း ဧရိယာသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here