မောင်တောကုန်သွယ်ရေးစခန်းသို့ စစ်တွေ- အငူမော် – မောင်တောလမ်ကြောင်းမှသာ ကုန်သွယ်မှုများဆောင်ရွက်နေ ဟုဆို

0
154

ရခိုင်ပြည်နယ်၊ မောင်တောကုန်သွယ်ရေးစခန်းသို့ စစ်တွေ- အငူမော် – မောင်တောလမ်းကြောင်းမှသာ ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိ‌နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန အချက်အလက်များအရ သိရသည်

ထိုမှတဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့ ပို့ကုန်/သွင်းကုန်များ တင်ပို့ လျက်ရှိသည်ဟု ဆိုသည်။

မောင်တောကုန်သွယ်ရေးစခန်းသို့ ယခင်က စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်းနှစ်ကြောင်းကို အသုံး ပြုခဲ့သော်လည်း ယခုအခါ စစ်တွေ- အငူမော် – မောင်တော လမ်းကြောင်းမှသာ ကုန်သွယ်မှုလုပ်ဆောင်နေရသည်ဟု သိရသည်။

ယင်းလမ်းကြောင်းမှ ကုန်သွယ်ရာတွင် အတက်ကုန်တင်ယာဥ်ခအနေဖြင့် ကုန်ကျစ် တစ်ပိဿာကျပ် ကျပ်(၇၀)၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ဈေးနှုန်းရှိပြီး၊အဆင်းကုန်တင်ယာဥ်ခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀)ဈေးနှုန်းရှိသည်ဟု ဆိုသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နိုဝင်ဘာလ လျာထားချက်မှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁ ဒဿမ ၅၀၀)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀ ဒဿမ ၀၃၀)သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁ ဒဿမ ၅၃၀) ဒေါ်လာသန်းလျာထားကြောင်း သိသည်။

ပြီးခဲ့သော နိုဝင်ဘာလ (၁)ရက်နေ့မှ (၂၆)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀ ဒဿမ ၂၈၆)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၀ ဒဿမ၂၈၆) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၁၈ ဒဿမ ၆၉) ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။

သို့သော် ထူးခြားချက်မှာ ယင်းကာလအပိုင်းအခြားအတွင်း သွင်းကုန်တင်သွင်းနိုင်ခြင်းမရှိကြောင်း သိရသည်။

မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများမှာ ဈေးဒညင်းသီး၊ ချင်း(အစို)၊ ငါးမြစ်ချင်း ၊ ငါးနီတူခြောာက်၊ ငါးစုံလေးခြောက်၊ ဆီးယိုထုတ်၊ ကွမ်းသီး၊ ထွန်းရွှေဝါ လိမ်းဆေး၊ သနပ်ခါးခဲ၊ သရက်သီး၊ ငါးခေါင်းပွ တို့ကို အမယ်လိုက် တင်သွင်းနိုင်ခဲ့သည်ဟုဆိုသည်။

လက်ရှိ မောင်တောမြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများအ‌နေဖြင့် ပေါ်ဆန်းမွေး တစ်အိတ်လျှင် ကျပ် (၁၁၈၀၀၀) ၊ ဧည့်မထတစ်အိတ် လျှင် ကျပ် (၇၅၀၀၀)၊ ကြက်သွန်နီ တစ်ပိဿာ လျှင် ကျပ်(၄၅၀၀)၊ ကြက်သွန်ဖြူ တစ် ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ငိပ် (၁၈၀၀၀)၊ ကြက်ဥ သုံးလုံး ကျပ်(၉၀၀) နှင့် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် (၁၀၅၀၀) အသီးသီးဈေးနှုန်း ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here