ကျိုက်မရောမြို့နယ် ရေတွင်းကုန်းကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

0
184

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဒီဇင်ဘာ (၃) ရက် နံနက် (၃) နာရီ (၇) မိနစ် အချိန်ခန့်က ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကျိုက်မရောမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ထွက်ခွာငြိမ်းသတ်ခဲ့ရာတွင် နံနက် (၃)နာရီခွဲအချိန်တွင် မီးငြိမ်းခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်ကျွမ်းမှု အကြောင်းရင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို မီးသတ်တပ်ဖွဲ့မှ စစ်ဆေးသွားမည်ဖြစ်ကြာင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here