ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာမှ မီးဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေ

0
219

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၊ ငွေသောင်ဖြူ (၁) ရပ်ကွက်၊ သဲပုံစေတီအနီး မီးလောင်မှု ဖြစ်ပွားခဲ့ရာမှ နေအိမ်အလုံး (၄၀) ကျော်ခန့် ဆုံးရှုံးခဲ့ရပြီး လက်ရှိတွင် မီးဘေးသင့် ပြည်သူ (၁၆၀) ဦးခန့်ကို ဇီးဖြူသောင်ကျေးရွာ ၊ ရတနာအောင်မြေကျောင်းတိုက်တွင် ယာယီထားရှိကြောင်း လူမှုကူညီရေးအဖွဲ့များထံ သိရသည်။

ယမန်နေ့ ဒီဇင်ဘာ (၂) ရက်၊ နံနက် (၁၁) နာရီအချိန်ခန့်က ‌ဇီးဖြူသောင်ကျေးရွာရှိ နေအိမ်တစ်အိမ်မှ ထမင်းဟင်းချက်ပြုတ်ရာမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို မြို့နယ်အရန်မီးသတ်တပ်ဖွဲ့နှင့် ရေးမြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းများ၊ ဒေသခံများ ဝိုင်းဝန်းကူညီငြှိမ်းသတ်ပေးမှုကြောင့် မွန်းလွဲ (၁၂) နာရီခွဲအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အလုံး (၄၀) ကျော် မီးလောင်ဆုံးရှုံးကာ လူဦးရေ (၁၆၀) ခန့် မီးဘေးသင့်ခဲ့ရပြီး လက်ရှိတွင် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

အဆိုပါ ဇီးဖြူသောင် မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ ထမင်းထုပ်များကို ၀၉ – ၆၉၇၄၂၆၁၆၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း ရေးမြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

Photo – ရန်ကြီးအောင်အရန်မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here