တောင်ငူမြို့တွင် တွဲကားတစ်စီး တိမ်းမှောက်မှုကြောင့် တွဲကားအောက် အမျိုးသား တစ်ဦး ပိမိရာ ဝိုင်းဝန်းဆွဲထုတ်နိုင်ခဲ့

0
177

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ရွှေဘိုလေးကွေ့တွင် တွဲကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ တွဲကားအောက် အမျိုးသား တစ်ဦး ပိမိနေသောကြောင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းများ၊ ဒေသခံများ ဝိုင်းဝန်းဆွဲထုတ်ခဲ့ရကြောင်း သိရသည်။

တောင်ငူမြို့နယ် ရွှေဘိုလေးကွေ့တွင် ဒီဇင်ဘာ ၂ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က တွဲကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ပလုံကောက်သည့် ဆိုင်ကယ်ဘေးတွဲပေါ်သို့ လဲကျရာ ကားအောက်တွင် အမျိုးသား တစ်ဦး ပိမိနေရာ ဝိုင်းဝန်းဆွဲထုတ်ခဲ့ရခြင်းဖြစ်သည်။

“တွဲကားအောက် ပိမိသွားတာ လူကြီး တစ်ယောက်တည်းပါ။ ဆွဲထုတ်နိုင်ခဲ့တယ်လို့ အတည်ပြုနိုင်ပါပြီ။”ဟု သွားရောက်ကူညီ ကယ်ဆယ်ရေးလုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

အဆိုပါ တိမ်းမှောက်ခဲ့သည့် တွဲကားအား မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းများ၊ ဒေသခံများက ကရိန်းဖြင့် ပြန်လည်ဆွဲမပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here