ပြင်သစ် အီဖဲလ်တာဝါအနီးမှာ ကမ္ဘာလှည့်ခရီးသွားတွေကို အမျိုးသားတစ်ဦးက တိုက်ခိုက်ခဲ့တာကြောင့် တစ်ဦး ‌ေ-သဆုံးကာ နှစ်ဦး ဒဏ်ရာရ

0
171

ပြင်သစ်နိုင်ငံ ပါရီဲမြို့လယ်က အီဖဲလ်တာဝါအနီးမှာ ကမ္ဘာလှည့်ခရီးသွားတွေကို အမျိုးသားတစ်ဦးက တိုက်ခိုက်ခဲ့တာကြောင့် လူ တစ်ဦး‌ေ-သဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဂါရဲလ် ဒါမန်နင်က စနေနေ့ ( ဒီဇင်ဘာ ၂ ) မှာ ပြောဆိုပါတယ်။

ပြစ်မှုကျူးလွန်တဲ့ အသက် ၂၆ နှစ်အရွယ် ပြင်သစ်နိုင်ငံသားကို ရဲတပ်ဖွဲ့က အလျင်အမြန်ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ဒါမန်နင်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူဟာ ၂၀၁၆ ခုနှစ်က အခြားတိုက်ခိုက်မှုတစ်ခု ကျူးလွန်ရန် ကြံစည်ခဲ့မှုဖြင့် ထောင် ၄ နှစ် ကျခံခဲ့ဖူးသူဖြစ်ကာ ပြင်သစ်လုံခြုံရေးဋ္ဌာနရဲ့ စောင့်ကြည့်စာရင်းဝင်သူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါအမျိုးသားဟာ စိတ်မူမမှန်ရောဂါရှိနေသူဖြစ်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးက ဆက်လက်ပြောဆိုပါတယ်။

တိုက်ခိုက်မှုဟာ ဂရင်းနစ် စံတော်ချိန် ည ၇ နာရီလောက်မှာဖြစ်ခဲ့ပြီး အမျိုးသားဟာ အီဖဲလ်တာဝါနဲ့ပေအနည်းငယ်သာလှမ်းတဲ့နေရာမှာ ကမ္ဘာလှည့်ခရီးသွားစုံတွဲတစ်တွဲကို ဓ-ါးနဲ့တိုက်ခိုက်ခဲ့ရာမှာ ဂျာမန်အမျိုးသားဖြစ်သူ ‌ေ-သစေလောက်တဲ့ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ယင်းနောက် ကျူးလွန်သူကို ရဲက လိုက်လံဖမ်းဆီးခဲ့ပြီး ဖမ်းမမိခင်အထိ သူဟာ နောက်ထပ် လူနှစ်ဦးကို တူတစ်လက်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ကျူးလွန်သူ အမျိုးသားဟာ “အလ္လာဟူအက္ကဘာ” ဘုရားသာ အကြီးမြတ်ဆုံးလို့ အော်ဟစ်ခဲ့သေးကြောင်း သိရပါတယ်။ သူအနေနဲ့ အာဖဂန်နစ္စတန်နဲ့ ပါလက်စတိုင်းမြေတွေမှာ မွတ်ဆလင်တွေ ‌ေ-သဆုံးနေရတဲ့အပေါ် စိတ်မသက်သာ ဖြစ်ခဲ့ရကြောင်းနဲ့ ဂါဇာဒေသ အခြေအနေတွေအပေါ် စိတ်မချမ်းမြေ့ဖြစ်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။

ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ အကြမ်းဖက်မှုတန်ပြန်ရေး ရှေ့နေရုံးက ထုတ်ပြန်ခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here