တရုတ်နိုင်ငံတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသစ်ဖြစ်ပွားမှုတိုးမြင့်လာဟုဆို

0
339

ပေကျင်း၊ဒီဇင်ဘာ ၁

တရုတ်နိုင်ငံ၌ ပြီးခဲ့သည့်လကတည်းက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှု တိုးမြင့်လာပြီး ကလေးငယ်များသည် အဆိုးရွားဆုံး ထိခိုက်ခံစားရသည်ဟုလည်းသိရသည်။ 

တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်က ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှုကို ပထမဆုံးတွေ့ကြုံခံစားခဲ့ရသည့်နိုင်ငံဖြစ်သောကြောင့် အခြေအနေမည်သို့ပြောင်းလဲလာမည်ကို ကမ္ဘာကလည်း အနီးကပ်စောင့်ကြည့်နေကြသည်။

ပေကျင်းအလယ်ပိုင်းရှိ ကလေးဆေးရုံတစ်ရုံသည် အရေးပေါ် ပြင်ပလူနာစောင့်ရှောက်မှုများကို ပေးနေရပြီးဝန်ထမ်းများသည်လည်း ဆေးသွင်းရန်လိုအပ်နေသော ကလေးသူငယ်များအား အဆက်မပြတ် ပုလင်းချိတ်၍ ဆေးသွင်းပေးနေရကြောင်းသိရသည်။ 

ပုလင်းချိတ်ဆေးသွင်းသည့်အခန်းများ၌လည်း တုပ်ကွေးနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်ခံထားရပြီး ဖျားနေသောကလေးများဖြင့်ပြည့်ကျပ်နေသည်ဟုဖော်ပြထားသည်။

အဆိုပါအသက်ရှူလမ်း‌ကြောင်းဆိုင်ရာရောဂါသည်ယခင်က ကလေးငယ်များ၌သာအဖြစ်များသော်လည်း နောက်ပိုင်းတွင် လူကြီးများပါဖြစ်လာသဖြင့် ကျောင်းများအားအကန့်အသတ်မရှိပိတ်ထားရကာ ဆရာဝန်များအနေဖြင့် အချိန်ပိုဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုများလုပ်နေရသည်ဟုဖော်ပြထားသည်။

အဆိုပါဗိုင်းရပ်စ်အသစ်၏လက္ခဏာများမှာ အဖျားတက်ခြင်း၊ချမ်းတုန်ခြင်း၊အဆုတ်အနည်းငယ်ရောင်သော်လည်း ချောင်းမဆိုးခြင်းတို့ပါဝင်သည်ဟုသိရသည်။

Source : NHK


LEAVE A REPLY

Please enter your comment!
Please enter your name here