ဖိလစ်ပိုင်နိုင်ငံမှာ ခရစ်ယာန်ဝတ်ပြုဆုတောင်းပွဲတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရပြီး လူ ၄ ဦး ‌ေ-သဆုံး

0
173
Military personnel stand guard at the entrance of a gymnasium while police investigators look for evidence after a bomb attack at Mindanao State University in Marawi, Lanao del sur province on December 3, 2023. (Photo by Merlyn MANOS / AFP)

လက်နက်ကိုင် သောင်းကျန်းမှုတွေ အမြစ်တွယ်ရာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၃) က ကက်သလစ်ဘာသာဝင်စုဝေး၀တ်ပြုရာနေရာတစ်ခု ဗုံးဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် လူ ၄ ဦးထက်မနည်း ‌ေ-သဆုံးကာ ဒါဇင်များစွာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုဟာ ပြည်ပအကြမ်းဖက်သမားတွေရဲ့လက်ချက်ဖြစ်တယ်လို့ သမ္မတ ဖာဒီနန်မားကို့စ်က အပြစ်တင်ခဲ့ပါတယ်။

နိုင်ငံရဲ့ အကြီးဆုံး မွတ်ဆလင်မြို့ဖြစ်တဲ့ မာရာဝီမြို့ မင်ဒါနာအိုပြည်နယ် တက္ကသိုလ်အားကစားရုံမှာ မနက်ပိုင်းဝတ်ပြုအခမ်းအနားပြုလုပ်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာလို့ သိရပါတယ်။

လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူ ၄ ဦး ‌ေ-သဆုံးကာ ၅၀ ဝန်းကျင်ဒဏ်ရာရခဲ့တယ်လို့ ရဲမှူးချုပ် အီမန်နျူရယ် ပါရဲလ်တာက ပြောဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ မကြာခင်ရက်တွေအတွင်းက စစ်သွေးကြွအုပ်စုတွေအပေါ် စစ်တပ်ရဲ့ စစ်ဆင်ရေးလုပ်ခဲ့မှုတွေအား လက်တုန့်ပြန်တိုက်ခိုက်မှု့ဖြစ်နိုင်တယ်လို့ အခြား လုံခြုံရေးဆိုင်ရာ အရာရှိတွေက ပြောဆိုကြပါတယ်။

ပေါက်ကွဲမှုဖြစ်ရာ အားကစားရုံကြမ်းပြင်မှာ ပလပ်စတစ်ထိုင်ခုံများစွာ ကျွမ်းထိုးမှောက်ခုံဖြစ်နေတာ၊ မှန်ကွဲစတွေ၊ အပျက်အစီးအပိုင်းအစတွေ ပြန့်ကျဲနေခဲ့တာကို ပြည်နယ်အစိုးရ ဖေ့စ်ဘုတ်ပေ့ချ်မှာ တင်ခဲ့တဲ့ ပုံတွေအရ သိရပါတယ်။

စုဝေး၀တ်ပြုမှုအတွင်း ကျမ်းစာပထမပိုဒ်ကို ရွတ်ဖတ်နေစဉ် မနက် ၇ နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆေးရုံတက်နေရတဲ့ ဒဏ်ရာရ တက္ကသိုလ်ကျောင်းသား ခရစ္စဂျူရာဒိုက ပြောဆိုခဲ့ပါတယ်။ “ တကယ့်ကို ရုတ်တရက်ပါပဲ၊ လူတိုင်းထွက်ပြေးခဲ့ကြရတာ” လို့ သူက ဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပြည်ပ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဖြစ်ကြောင်းနဲ့ သူရဲဘောကြောင်ပြီး၊ ရူးမိုက်တဲ့ တိုက်ခိုက်မှုဖြစ်ကြောင်း သမ္မတ မားကို့စ်က ရှုတ်ချခဲ့ပါတယ်။

မင်ဒါနာအိုပြည်နယ် တက္ကသိုလ်က တိုက်ခိုက်မှုဟာ အကြမ်းဖက်လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ရှုတ်ချခဲ့ပြီး သင်တန်းတွေကို ယာယီပိတ်လိုက်ကြောင်းနဲ့ ကျောင်းဝန်းအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထပ်တိုးချခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here