ခွင့်မဲ့/စစ်ပြေးများက တာဝန်ပြန်လည်ထမ်းဆောင်ရန် တင်ပြလာသည့်အတွက် ပြန်လည်လက်ခံသွားမည်ဟုဆို

0
256

နိုင်ငံတော် ကာကွယ်ရေးအတွက် ခွင့်ပြုပေးမည်ဆိုပါက တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် တင်ပြမှုများ ရှိနေသည့်အတွက် ခွင့်မဲ့/ စစ်ပြေးများကို ပြန်လည် လက်ခံသွားမည်ဖြစ်ကြောင်း နစက က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဒီဇင်ဘာ (၃) ရက်တွင် နစက က တရားဝင် သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။

နစက၏ သတင်းထုတ်ပြန်ချက်အရ လက်နက်ကိုင်အဖွဲ့များနှင့် PDF များကို တိုက်ခိုက်ချေမှုန်းရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် ခွင့်ပြုပါက တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း တင်ပြမှုများ ရှိလာသည်ဟု သိရသည်။

အဆိုပါ တင်ပြချက်များအရ သတ်မှတ်ကာလနှင့်အကျုံးဝင်သည့် ခွင့်မဲ့/ စစ်ပြေး စစ်သည်တော်များကို နီးစပ်ရာတပ်များတွင် ပြန်လည် လက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်မှုထမ်းဆောင်ရန် ဆန္ဒပြုလာသည့် သာမန်ပြစ်မှုကျူးလွန်ထားသည့် တပ်မတော်သားများကိုလည်း ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးသွားမည်ဖြစ်ကြောင်း နစက က အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here