လားရှိုးတွင် အမည်မသိ အမျိုးသား အလေ-ာင်း တစ်လေ-ာင်းတွေ့

0
102

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် ‌ေ-သဆုံးနေသည့် အမည်မသိ အမျိုးသား အလေ-ာင်းတစ်လေ-ာင်း တွေ့ရှိခဲ့ရကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

လားရှိုးမြို့၊ ရပ်ကွက် (၅)၊ (၄၃)လမ်း၊အေဒင်ဘုရားကျောင်းအနီးတွင် ဒီဇင်ဘာ (၄)ရက် နေ့လယ်ပိုင်းက အမျိုးသား အလေ-ာင်း တစ်လေ-ာင်း တွေ့ရှိခဲ့သည့်အတွက် အလေ-ာင်းအား လားရှိုးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ (PR-023) ဖြင့် ကမ္ဘောဇနာရေးကူညီမှုအသင်းမှ ပို့ဆောင် ကူညီထားကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ‌ေ-သဆုံးသူ၏ (အမည်၊ နေရပ်) မသိရှိရသေးသဖြင့် မိသားစုဝင်များထံသို့ အမြန်ဆုံး ဆက်သွယ်နိုင်ရန် သိရှိပါက အကြောင်းကြားပေးရန် လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ မေတ္တာရပ်ခံ ပန်ကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here