၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၄) သိန်း တင်ပို့ရန် ဆောင်ရွက်နေ

0
172

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ရော်ဘာတန်ချိန် (၄) သိန်းခန့် တင်ပို့နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

စုစုပေါင်းတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်တို့ကလည်း မြန်မာ့ရော်ဘာကို ဝယ်ယူတင်သွင်းကြသည်ဟု အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။

မြန်မာ့ရော်ဘာတင်ပို့မှုမှ နိုင်ငံခြားငွေ ရရှိမှုသည် ၂၀၁၈ -၂၀၁၉ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တစ်နှစ်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ သန်း ၄၅၀ အကြား ရရှိနေသည်ဟု ဆိုသည်။

နိုင်ငံတစ်ဝန်းတွင် ရော်ဘာစိုက်ဧကပေါင်း (၁.၆၄) သန်းကျော်ရှိပြီး ထုတ်လုပ်ဧက (၉) သိန်းခွဲခန့် ရှိကာ တစ်နှစ်ပျမ်းမျှအထွက်နှုန်း တန်ချိန် (၄) သိန်း ဝန်းကျင်ရှိကြောင်း စာရင်းများအရ သိရသည်။

ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဒေသများမှာ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here