မြန်မာပြည်ချန်ပီယံဗိုလ်လုပွဲ ရခိုင်ယူနိုက်တက်နှင့် ရှမ်းတောင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်

0
186

FIFA-MFF U15 Youth League မြန်မာပြည်ချန်ပီယံဗိုလ်လုပွဲအတွက် ရခိုင်ယူနိုက်တက်နှင့် ရှမ်းတောင်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

အဆိုပါ အသင်းနှစ်သင်းသည် အမှတ်ပေးဇယားအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေသော အသင်းနှစ်သင်းဖြစ်ပြီး၊ ချန်ပီယံဆုအတွက် ဗိုလ်လုပွဲကစားသွားကြရမည် ဖြစ်သည်။

ရှမ်းတောင် ယူ-၁၅ အသင်းအနေဖြင့် အထက်မြန်မာပြည် ၊ မန္တလေးဇုန်ပွဲစဥ်များအပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သော အသင်းတစ်သင်းဖြစ်သကဲ့သို့ ရခိုင်ယူနိုက်တက် ယူ-၁၅ အသင်းသည်လည်း အောက်မြန်မာပြည်၊ ရန်ကုန်ဇုန်ပွဲများအပြီးတွင် အမှတ်ပေးဇယားအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေသော အသင်းဖြစ်သည်။

FIFA-MFF U15 Youth League မြန်မာပြည် ချန်ပီယံလုပွဲမှာအား ဒီဇင်ဘာ (၁၁)ရက်နေ့ ညနေ (၅) နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

FIFA-MFF U15 Youth League ပြိုင်ပွဲသည် လူငယ်မျိုးဆက်သစ်ဘောလုံးသမားများ ထွက်ပေါ်လာစေရန် ရည်ရွှယ်ပြုလုပ်ခြင်းဖြစ်ပြီး၊ ယခု ဒီဇင်ဘာ (၆) ရက်နေ့တွင် အဆိုပါ အသင်းနှစ်သင်းမှာ ရန်ကုန်မြို့တွင် ပြိုင်ပွဲအတွက် လေ့ကျင့်ခန်းများ လာရောက်ပြုလုပ်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here