အင်ဒိုနီးရှားသည် ၂၀၂၅ ခုနှစ် U-20 ကမ္ဘာ့ဖလားပွဲအား စင်္ကာပူနှင့်အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပရန်ဆန္ဒရှိဟုဆို

0
251

ဂျကာတာ၊ဒီဇင်ဘာ ၄

အင်ဒိုနီးရှားအနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်၌ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် စင်္ကာပူနှင့်တွဲ၍ အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်ဆန္ဒရှိကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သို့ တင်ပြမည်ဟု သမ္မတဝီဒိုဒိုကပြောကြားခဲ့သည်။

“စင်္ကာပူနဲ့အင်ဒိုနီးရှားတို့ဟာ အိမ်ရှင်နိုင်ငံကောင်းတွေ ဖြစ်နိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

စင်္ကာပူဘောလုံးအဖွဲ့ချုပ်ကလည်း ၎င်းတို့အနေဖြင့် လာမည့် ၂၀၂၅ တွင်ကျင်းပမည့် U – 20 နှင့် U – 17 ပွဲစဥ်များအတွက် အင်ဒိုနီးရှားနှင့်ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သို့တင်ပြထားပြီးဖြစ်ကြောင်း တနင်္လာနေ့ကသီးခြားထုတ်ပြန်ခဲ့သည်။

မူလအစီအစဉ်အရ အင်ဒိုနီးရှားသည် မတ်လတွင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ အိမ်ရှင်အဖြစ်လက်ခံကျင်းပရမည်ဖြစ်သော်လည်း အစ္စရေးအရေး၌ ပါဝင်ပတ်သက်မှုအပေါ် တာဝန်ရှိသူအချို့၏ကန့်ကွက်မှုကြောင့်အိမ်ရှင်နိုင်ငံအဖြစ်မှဖယ်ရှားခံခဲ့ရပြီးနော် အာဂျင်တီးနားကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

Source : ရိုက်တာ/စီအင်န်အေ (အက်ဖ်အိတ်ခ်ျ)/ကေဂျီ


LEAVE A REPLY

Please enter your comment!
Please enter your name here