၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်းရှိအကြမ်းဖက်မှုများ၏ ထက်ဝက်ခန့်ကို PDF များကကျူးလွန်ခဲ့ – ကန်နိုင်ငံခြားရေးဝန်ကြီးဌာန

0
249

ဝါရှင်တန်၊ဒီဇင်ဘာ ၄

အမေရိကန်ပြည်ထောင်စုမှ ကမ္ဘာ့အကြမ်းဖက်မှု အခြေ အနေ နှင့် သုတေသနပြုစင်တာ၏ ၂၀၂၂ ခုနှစ်အတွက် တိုင်းတာချက်သုတေသနများအရ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများ၏ထက်ဝက်ခန့်သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့်သက်ဆိုင်နေသည်ဟုဖော်ပြခဲ့သည်။

ထို့အပြင် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် အကြမ်းဖက်မှုအဖြစ်အများဆုံးနှင့် အကြမ်းဖက်မှုကြောင့်‌ေ-သဆုံးရသူအများဆုံးဆယ်နိုင်ငံတွင် ပါဝင်နေသည်ဟုလည်း Country Reports on Terrorism 2022 တွင်ဖော်ပြခဲ့သည်။

ထိုသုတေသနပြုချက်အရ ၂၀၂၂ ခုနှစ်အတွင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ဆီးရီးယား၊နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊အိန္ဒိယ၊အီရတ်၊ယီမင်၊မြန်မာ၊ဘာကီနာဖာဆိုနှင့် ဆိုမာလီယာတို့သည် အကြမ်းဖက်မှုအဖြစ်အများဆုံးနိုင်ငံဆယ်နိုင်ငံဖြစ်ကြောင်းလည်းသိရှိရသည်။

၂၀၂၂ တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက အကြမ်းဖက်မှု ၉၈၄ မှုဖြင့် ကမ္ဘာပေါ် တွင် အကြမ်းဖက်မှုအဖြစ်အများဆုံးနိုင်ငံဖြစ်ခဲ့ကာ ၎င်း၏နောက်တွင် နိုင်ဂျီးရီးယားက အကြမ်းဖက်မှုကြောင့်သေဆုံးရသူ ၂,၉၂၆ ဦးဖြင့် ဒုတိယနေရာတွင်ရှိနေပြီး မြန်မာနိုင်ငံကမူ ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုကြောင့် ‌ေ-သဆုံးသူ ၂,၁၃၀ ဦးဖြင့် တတိယနေရာတွင်ရှိနေခဲ့ကြောင်းလည်း သုတေသနပြုချက်၌ဖော်ပြသွားခဲ့သည်။

၂၀၂၂ ခုအတွက် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုပေါင်း ၃၉၁ မှုဖြစ်ပွားခဲ့သည့်အနက် ၁၉၈ မှု (ဖြစ်ပွားမှုစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်း) သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များကကျူးလွန်ခဲ့ပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (CDF) များက ၂၉ မှု (ဖြစ်ပွားမှုစုစုပေါင်း၏ ၇ ရာခိုင်နှုန်း) ၊ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်က ၂၇ မှု (ဖြစ်ပွားမှုအားလုံး၏ ၇ ရာခိုင်နှုန်း) တို့ဖြစ်ကာ ကျန် ၁၄ ရာခိုင်နှုန်းမှာမူ ကျူးလွန်သူအားစုံစမ်း၍မရနိုင်သေးကြောင်းဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့်အကြမ်းဖက်မှုများ၌ ‌ေ-သနတ်နှင့်ပစ်ခတ်မှု ၃၈ ရာခိုင်နှုန်း၊မိုင်းခွဲမှုများ ၂၁ ရာခိုင်နှုန်းနှင့် ဗုံးခွဲမှုများ ၁၉ ရာခိုင်နှုန်းတို့ဖြစ်သည်ဟုလည်းဆိုသည်။

Ref : 2022 Annex of statistical information


LEAVE A REPLY

Please enter your comment!
Please enter your name here