နိုဝင်ဘာလတွင် ဆန်တန်ချိန် ၁၇၀၀၀၀ ကျော် ပြည်ပသို့တင်ပို့ထား၊ ပြီးခဲ့သည့်လထက် ပိုမိုတင်ပို့ထား

0
194

ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဆန်တန်ချိန်  ၁၇၀၀၀၀ ကျော်ပြည်ပသို့ တင်ပို့ထားကာ ပြီးခဲ့သည့်လထက် ပိုမိုတင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အောက်တိုဘာလတွင်  ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁၁၉၅၂၆ တန်တင်ပို့ထားပြီး ကန်ဒေါ်လာ ၆၃ သန်းရရှိထားကာ နိုဝင်ဘာလတွင် ဆန်တန်ချိန် ၁၇၅၉၉၀ တန်တင်ပို့ခဲ့ပြီးကန်ဒေါ်လာ သန်း ၉၀ ရရှိထားကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ နိုဝင်ဘာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၇၅၉၆၇၃ တန်တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၆၁ သန်းရရှိထားကြောင်း သိရသည်။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်း တင်ပို့နိုင်ရန်မျှော်မှန်းထားခြင်းဖြစ်သည်။

ထို့ပြင် ပြည်ပသို့ဆန်တင်ပို့ရန် လိုင်စင်လျှောက်ထားရာတွင်ခည်း ယခင်က ၁၀၀ ရာခိုင်နှုန်း ဆန်လက်ဝယ်ရှိမှသာ လိုင်စင်ထုတ်ပေးမည်ဟု အသိပေးထုတ်ပြန်ထားသော်လည်း ယခုအခါ ၅၀ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here