မြန်မာနေရှင်နယ်လိဂ်တွင် ၄ ကြိမ်ဆက်တိုက် ပထမရသည့်အသင်းအဖြစ်မှတ်တမ်းဝင်ရန် ၁ မှတ်သာလိုတော့သည့် ရှမ်းယူနိုက်တက်

0
189

မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် သမိုင်းတလျောက် (၄) ကြိမ်ဆက်တိုက် ပထမရသည့်အသင်းအဖြစ်မှတ်တမ်းဝင်ရန် (၁) မှတ်သာ လိုတော့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်ရက်နေ့က ရှမ်းယူနိုက်တက်အသင်းသည် ရတနာပုံအသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပြိုင်ပွဲပြီးဆုံးရန် (၂) ပွဲသာ ကျန်တော့သည့် အချိန်တွင် အဆင့် (၂) မှ အနီးဆုံး ပြိုင်ဘက်ရန်ကုန်ယူနိုက်တက်အသင်းကို (၆) မှတ်တိတိ ဖြတ်ထားနိုင်ပြီး လက်ကျန် (၂) ပွဲတွင် (၁) မှတ်ရရှိရုံဖြင့် Myanmar National League ချန်ပီယံဆုကို ကာကွယ်နိုင်ပြီး (၄) ကြိမ်ဆက်တိုက် ချန်ပီယံ ဖြစ်မည်ဖြစ်သည်။

ထို့အပြင် ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၉ နှင့် ၂၀၂၂ ရာသီ၌ ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆုရယူနိုင်ခဲ့ပြီး ယခုနှစ်တွက်လည်း ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆုရယူနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

Photo – MNL


LEAVE A REPLY

Please enter your comment!
Please enter your name here