ဟားမတ်စ်တို့ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသားဓါးစာခံ ၆ ဦး နိုင်ငံသို့ပြန်လည်ရောက်ရှိ

0
296

ဘန်ကောက်၊ဒီဇင်ဘာ ၄

ဂါဇာကမ်းမြှောင်ဒေသမှာ ရက်သတ္တပတ်ကြာသည်အထိ ထိန်းသိမ်းခံထားရတဲ့ ထိုင်းလူမျိုးဓါးစာခံခြောက်ဦးဟာ ဒီဇင်ဘာ ၄ ရက်မှာ နိုင်ငံကို ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း တာဝန်ရှိသူ‌တွေကပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ အစ္စရေး – ဟားမတ်စ်ပဋိပက္ခအတွင်း ဟားမတ်စ်တို့ကဓါးစာခံ ၂၄၀ ဦးခေါ်ဆောင်သွားခဲ့ရာ ထိုင်းလူမျိုး‌တွေလည်း ပါဝင်ကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံသားသောင်းချီဟာ အစ္စရေးရဲ့စိုက်ပျိုးရေးကဏ္တွမှာ အလုပ်လုပ်ကိုင်လျက်ရှိပြီး ယခုပဋိပက္ခအတွင်း ဓါးစာခံအဖြစ်ဖမ်းခေါ်သွားခံရပြီးနောက် ပထမအသုတ်အနေနဲ့ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားပါတယ်။

တနင်္လာနေ့ စင်္ကာပူစံတော်ချိန်နေ့လည် ၂ နာရီနှင့် ၃ နာရီဝန်းကျင်ခန့်မှာ အဆိုပါအဖွဲ့သည် သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာခဲ့ပါတယ်။ ၎င်းတို့ကို အစ္စရေး၌ရှိနေစဉ်က သက်ဆိုင်ရာအာဏာပိုင်များက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ယခုတစ်သုတ်လွတ်မြောက်လာပေမယ့် ဟားမတ်စ်တို့၏လက်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ထိုင်းနိုင်ငံသား ၉ ဦးခန့် ကျန်နေသေးတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ယခုစစ်ပွဲအတွင်း ထိုင်းလူမျိုး ၃၉ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိခဲ့ကာ နိုင်ငံ၏တာဝန်ရှိသူ‌‌တွေက လူပေါင်း ၈,၅၀၀ ကျော်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Source : အေအက်ဖ်ပီ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here