ရုရှား လုံခြုံရေးကောင်စီအတွင်းရေးမှူးကို မြန်မာအစိုးရက ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့နှင့် သရေစည်သူဘွဲ့ ချီးမြှင့်

0
314

ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Nikolai Platonovich Patrushev ကို မြန်မာအစိုးရက ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့နှင့် သရေစည်သူဘွဲ့ ချီးမြှင့် လိုက်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၄) ရက် ရက်စွဲဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမိန့်ထုတ်ပြန် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမိန့် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အ တွက် အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် – ရုရှားနိုင်ငံတို့သည် လက်ရှိတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ စက်လက်နက်ပစ္စည်းများ ရောင်းဝယ်ရေးအပါအဝင် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများလည်း လုပ်ဆောင်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လအနည်းငယ်အတွင်းကပင် ရုရှားနှင့် မြန်မာနှစ်နိုင်ငံ ရေတပ်များအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သလို မြန်မာ့တပ်မတော်မှ စစ်သည်များကိုလည်း ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ်ခြင်းများလည်း ရှိနေပြီးဖြစ်သည်။

ပြီးခဲ့သည့် နှစ်အတွင်းကလည်း

ရှရှားနိုင်ငံမှ တာဝန်ရှိသူအချို့ကို မြန်မာအစိုးရက ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်ခဲ့သည်များလည်း ရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here