တောင်ငူ – နေပြည်တော် မီးရထားများ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး လမ်းပိုင်းအား အဆင့်မြှင့်တင်လျက်ရှိ

0
211

တောင်ငူ – နေပြည်တော် မီးရထားများကို မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေးအတွက် လမ်းပိုင်းအား အဆင့်မြှင့်တင်ပြုပြင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

တောင်ငူ – နေပြည်တော် ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေး၊ ရထားလမ်းကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းရသည့် လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထား လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းအတွင်းရှိ ရထားလမ်းပိုင်းစီမံကိန်း (အဆင့်-၁) ဖြစ်သော ရန်ကုန် –
တောင်ငူ လမ်းပိုင်းရှိ အရှည် (၁၆၆) မိုင်ကို အောက်တိုဘာ (၁) ရက်မှစတင်၍ စီမံကိန်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ရန်ကုန် – တောင်ငူ ရထားလမ်းပိုင်းတွင် ရထားပြေးဆွဲသည့် အချိန်စာရင်းများကိုလည်း အောက်တိုဘာ (၁) ရက် မှစတင်၍ ပြောင်းလဲပြေးဆွဲနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here