ထိုင်းနိုင်ငံ၌ကျင်းပမည့် မြင်းစီးပြိုင်ပွဲတွင် မြန်မာကစားသမားများဝင်ရောက်ယှဥ်ပြိုင်မည်

0
201

ထိုင်းနိုင်ငံ၌ကျင်းပမည့် The 1st FEI SEA Youth Cup 2023 at The Princess’s Cup Thailand 2023 မြင်းစီးပြိုင်ပွဲတွင် မြန်မာမြင်းစီးအားကစားသမားများဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်ရန်အတွက် စာရင်းပေးသွင်းထားသည့် အားကစားသမားများအား မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် မြင်းစီးအားကစားကွင်း(မြောက်ဒဂုံ)၌ ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်က အဖွဲ့ချုပ်တာဝန်ရှိသူများသည် လက်တွေ့တန်းခုန်စွမ်းရည် အရည်အချင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဦးပြုံးမောင်မောင်မှ ဦးဆောင်ပြီး ဗဟိုကော်မတီဝင်များ၊နည်းပြများမှ တန်းခုန်အရည်အချင်း စစ်ဆေးမှုတွင် အောင်မြင်ခဲ့ကြသော YECC Club မှ မကြည်စင်လင်း၊ မရွှန်းလဲ့ဖူးလှိုင် မသုသုဇင် တို့အား မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ရွေးချယ်ခံထားရသူများအား အဖွဲ့ချုပ်၏ ကြီးကြပ်မှုဖြင့်ဆက်လက် လေ့ကျင့်လျက်ရှိကြောင်းလည်း သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်


LEAVE A REPLY

Please enter your comment!
Please enter your name here